အခန်း (၁၃)

7.2K 687 3
                                    

"ဆရာမလေးကလည်း ပြန်ချင်တာတော် ကျုပ်တို့ရွာ ဘုရားပွဲနေပါဦးဆိုကာမှ"

အစ်မယဉ်နု၏ ပွစိပွစိပြောနေသော စကားကိုမသိချင်ယောင်ဆောင်လိုက်သည်။ သီတင်းကျွတ်လရောက်ပြီဆိုတော့ ရုံးပိတ်ရက်တွေဟာ တန်းစီလာသည်။ အိမ်မပြန်ဖြစ်တာလည်းကြာပြီဆိုတော့ အိမ်ပြန်ရမည်။ ပြီးတော့ အဖေနဲ့အမေကလည်း ရုံးပိတ်ရက်ဆိုတော့ ရန်ကုန်ပြန်လာမည်ဆိုသောကြောင့် မိသားစုခဏတော့ဆုံချင်သေးသည်။

နောက်တစ်ခုက ရတီနှင့်ဟန်နေ၏ကိစ္စကို ဆွေးနွေးဖို့ပင်။

အစ်မနေရီ၏မျက်နှာမကောင်းတာမို့ ဟန်နေလည်းစိတ်မကောင်း။ အမှန်ဆိုဟန်နေလည်း မပြန်ချင်သော်လည်း မိသားစုဆုံတုန်းလေးတော့ ခဏသွားချင်သည်။

"ငယ်လေး လမ်းမှာ ဂရုစိုက်နော် ကားပေါ်ရောက်ရင်လည်း အိပ်ပဲအိပ်မနေနဲ့နော်"

"ဟုတ်ကဲ့ပါ အစ်မလည်း နေကောင်းအောင်နေနော် ပြီးတော့ ဟန်နေဆီနေ့တိုင်းဖုန်းဆက်"

"အင်း"

"ကဲကဲ သွားကြမယ်ဟေ့ လာလာ ဆရာမလေး တက်"

ဒီတစ်ခါတော့ နွားလှည်းနဲ့မဟုတ်တော့ပေ။ မိုးလည်းကုန်ပြီဆိုတော့ ရွာလမ်းကလည်းခြောက်သွေ့နေပြီဖြစ်သလို ဆိုင်ကယ်တွေလည်းသွားလို့ရသည်။ ဥက္ကဌက သူ့ဆိုင်ကယ်ဖြင့် လိုက်ပို့မည်ဟုဆိုသောကြောင့် ဟန်နေကအသင့်စောင့်နေလိုက်သည်။

"ကဲ သွားရော့နော် ဆရာမလေး ပြန်လာလဲဖုန်းဆက်နော် ကျုပ်တို့လာကြိုမယ်"

အိမ်ခနလေးပြန်တာကို တစ်ရွာလုံးနီးပါးလာနှုတ်ဆက်ကြတော့ စိတ်ထဲမှာ ကြည်နူးမိသလို မျက်နှာလည်းပူမိသည်။ ဘာလို့ဆို ဆွဲခြင်းလေးထဲမှာ လက်ဆောင်တွေကအပုံမဟုတ်ပါလား။

မြေနီလမ်းအတိုင်းဆိုင်ကယ်မောင်းလာတော့ လမ်းဘေးတစ်ဖက်တစ်ချက်က တမာပင်တန်းတွေက ရောက်ခါစမြင်ကွင်းကို ပြန်အမှတ်ရစေသည်။ အဆင်မပြေလောက်ဖူးလို့ထင်ထားခဲ့မိပေမဲ့ ဖော်ရွေလွန်းတဲ့ရွာကြောင့် အရာရာကအဆင်ပြေခဲ့ရသလို အစ်မနေရီကြောင့်လည်း ဒီရွာလေးမှာ ဟန်နေပျော်ခဲ့ရသည်။

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Où les histoires vivent. Découvrez maintenant