အခန်း (၆)

7.6K 710 27
                                    

"ဆရာမလေးတဲ့ လိုက်ရှာနေတယ်ဗျို့ ဆရာမလေးက နေရီအိမ်မှာဟေ့"

သူ့ဘာသူပြော သူ့ဘာသာဖြေသွားသော အိမ်နီးနားချင်း အဘိုးသိန်း၏အသံက ရွာဆော်လိုမပြောရပေ အသံအောင်လှပေသည်။

ပုဆိုးတိုတိုနှင့်ခမောက်ကြီးဆောင်းကာ ရောက်လာသော ရွာသားကြောင့် ဘာကိစ္စလဲဟုမေးမြန်းတော့ သူ့နွားတွေ ကာကွယ်ဆေးထိုချင်လို့ဟုသိရသည်။

"အစ်ကိုက အရင်ကရောထိုးဖူးလား"

"ထိုးဖူးပါ့ဗျာ နှစ်တိုင်းတော့ဆရာလေးနဲ့ထိုးတယ် ဒီနှစ်က နွားတွေကိုအိမ်မခေါ်ထားတော့ လာထိုးတဲ့အချိန်နဲ့လွဲသွားတာ အခုက ဆရာမလေးရှိတယ်ဆိုလို့ လာခေါ်တာ"

"အခုကနွားတွေက ဘယ်မှာတုန်း"

"တောထဲမှာဗျ ဟိုဖက်ရွာက နွားတွေနေမကောင်းဘူးကြားလို့ ကျုပ်လည်းစိုးရိမ်လို့ရယ်"

"အစ်ကိုကဘာဆေးထိုးမှာလဲ ကာကွယ်ဆေးကသုံးမျိုးရှိတာလေ"

"ဟိုတစ်ခါဆရာလေး ထိုးပေးတာတော့ လည်ချောင်းကွဲဆိုလား အဲ့ဒါထိုးချင်တာဗျာ"

"ဟုတ်ပြီ ဟုတ်ပြီ ဆေးအိတ်သွားယူလိုက်ဦးမယ် နွားကဘယ်နှစ်ကောင်တုန်း"

"ဆယ့်တစ်ကောင်ရှိတာဗျို့"

ရုံးပြန်ပြီးဆေးအိတ်ယူလိုက်ကာ တောထဲလိုက်ဖို့ပြင်ရသည်။

"ငယ်လေး အစ်မလိုက်ခဲ့ပေးမယ်လေ"

အပြုံးနုနုနှင့်ဆိုလာသော စကားကိုမငြင်းပယ်မီပေ။

သိပ်မဝေးပါဘူးဟူသော လယ်တောဟာ အတော်ဝေးတာကိုပြောမှန်းဟန်နေတစ်ယောက် နာရီဝက်လောက်လမ်းလျှောက်ပြီးချိန်မှာ သဘောပေါက်လာသည်။

ရွာအနောက်ဖက်အပေါက်ကနေထွက်လိုက်တော့ လယ်ကန်သင်းရိုးတစ်လျှောက်မှာ ကောက်စိုက်နေသော ရွာသားတွေကို တစ်အုပ်ကြီးတွေ့ရသည်။
အကုန်လုံးကလည်း ဟန်နေနှင့်အစ်မနေရီကိုတွေ့သည်နှင့် နှုတ်ဆက်ကြတော့သည်။

"ဟေး ဘယ်တုန်းဟေ့ ဆရာမလေးနဲ့နေရီရေ"

"ကိုရင်ကျော်တဲကိုပါ ဆရာမလေးက နွားတွေကာကွယ်ဆေးသွားထိုးပေးမလို့"

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Tempat cerita menjadi hidup. Temukan sekarang