"အရီးလှ ဘာဟင်းချက်လဲ"
"ချဉ်ရည် ပဲကြားပြုတ်ဟေ့"
ရွာထဲမှာဆေးကုခေါ်လို့ ပြန်လာတော့ အရီးလှအိမ်ရှေ့ကဖြတ်နေကြဆိုတော့ အိမ်ရှေ့မှာထိုင်ပြီး ဖက်ကြမ်းဆေးလိပ်ကြီးခဲခဲနေသည့် အရီးလှကိုအမြဲတွေ့ရသည်။
"ညည်းတို့ကဘယ်ကပြန်လာကြတာတုန်းအေ့ ဆရာမလေးရော"
"အနောက်ဖက်ကလေ အဖိုးလေးသောင်းအိမ်က နွားနေမကောင်းလို့ ဆရာမလေးကဆေးလိုက်ထိုးပေးတာကို အဖော်လိုက်ပေးတာ"
"ကောင်းပါ့အေ ညည်းလည်း ဆရာမလေးရောက်လာမှ ရွာထဲဟိုသွားဒီသွား သွားတာတွေ့ရတော့တယ် ညည်းအမေ မယ်ခင်ဆုံးပြီးထဲက ညည်းဖြင့်အပြင်မထွက်လို့ ငါတို့ဖြင့်စိတ်ပူရတာ"
"ကျွန်မအလုပ်မအားလို့ အရီးလှကလည်း အရီးလည်း ဆေးလိပ်တွေလျော့သောက်နော့် ဟိုတစ်ခါကဆရာဝန်လေးလာတုန်းက မသောက်နဲ့တော့လို့ပြောသွားတယ် မဟုတ်လား"
"မနေနိုင်ပေါင်အေ မသောက်နဲ့ဆိုလည်း သူရှေ့မသောက်ဘူးပေါ့အေ ညည်းတို့ကဖြင့်နေမြင့်လှပြီ ထမင်းစားသွားကြဦး ဟင်းတော့မကောင်းဘူးပေါ့အေ"
"တော်ပါပြီ ကျွန်မအိမ်မှာချက်ထားခဲ့ပြီးသား ဘူးသီးတွေရနေပြီသိလား ကျွန်မလာပို့ပေးမယ်"
"မလိုပေါင်အေ ကိုယ်စားချင်လာကောက်စားမှာပေါ့ တကူးတကတွေပို့မနေရပါဘူးအေ့"
"ဟုတ်ပြီနော် ဒါဆိုလာယူနော် သွားပြီဗျို့ နေလဲမြင့်လှပြီ"
ဟန်နေတစ်ယောက် မြင်သမျှလူတိုင်းကိုပြုံးပြပေမဲ့ လူတိုင်း၏ ဆရာမလေးနဲ့နေရီဘယ်တုန်း ဟူသောအမေးကိုတော့ အစ်မနေရီဟာ ဒိုင်ခံဖြေကြားလေသည်။ အစ်မနေရီဟာ သူ့ဘာသာတသီးတသန့်နေလေ့ရှိသော်လည်း အခုလိုကြပြန်တော့ တစ်ရွာလုံးနဲ့ရင်းနှီးသလို အရမ်းဖော်ရွေသည်။
"ငယ်လေး သွက်သွက်လာ နေပူတယ် ခမောက်ဆောင်းခဲ့ပါဆို မဆောင်းဘူး"
ဆေးအိတ်ကိုသယ်ထားသော အစ်မဟာဟန်နေထက် ခြေလှမ်းတွေပိုသာသလို ပေါ့ပေါ့ပါးပါးပင်။
"ရွာထဲကလူတွေကိုမေးလိုက်ရင် အမြဲတမ်း ချဉ်ရည် ပဲကြားပြုတ် ငရုတ်သီးဟင်းကတော့အမြဲပါတယ်နော်"
YOU ARE READING
❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!
Fantasyဘယ်လောက်ပဲဝေးကွာသောအရပ်ကဖြစ်ပါစေ ဖူးစာတွေရှိတဲ့အခါ ဆုံစည်းကြရတာပဲ ❣️