အခန်း (၁၁)

6.9K 676 2
                                    

"ဝါး လှလိုက်တာ"

ငွါးငွါးစွင့်စွင့်ပွင့်နေတဲ့ နေကြာတွေဟာ မနက်ခင်းရဲ့နေရောင်ခြည်နုနုကိုခံယူဖို့ နေမင်းကြီးဖက်ကိုမျက်နှာမူနေလေရဲ့။ ပြာလွင်လွင်ကောင်းကင်က တိမ်ကင်းစင်ကာ နေကြာတွေနဲ့အပြိုင်လှလို့နေသည်။

လှည်းပေါ်ကနေဆင်းပြီးတော့ နေကြာပန်းခင်း၏အစပ်ကိုပြေးသွားမိသည်။ ကင်မရာတစ်လုံးလောက် ရချင်စိတ်က တဖွားဖွားပေါ်လာရသည်။

အမှန်ဆိုရင် ဒီရက်ပိုင်းအတွင်းမှာ ဟန်နေတစ်ယောက် စိတ်အခြေအနေမကောင်းပေ။ နဂိုထဲကဟန်မဆောင်တတ်တဲ့သူဖြစ်တာကြောင့် စိတ်ထဲမှာရှိသမျှ မျက်နှာမှာပေါ်သည်။

အရိပ်တကြည့်ကြည့်ဖြစ်နေတာမျိုးမဟုတ်ပေမဲ့ မျက်လုံးထဲမှာပဲမြင်နေမိတော့ နေရီစိတ်မကောင်းဖြစ်မိသည်။ အဲ့ဒီနေ့က သူဖုန်းပြောပြီးကတည်းက မျက်နှာအခြေအနေကမကောင်းတော့။

အိမ်ကိစ္စလည်းမဟုတ်တန်ရာ သူ့အဖေတွေအမေတွေနှင့် ဖုန်းပြောသံကြားရတာတော့ အေးအေးဆေးဆေးပင်။ တစ်ခုခုဖြစ်နေတာလား ရည်းစားသနာကိစ္စများလားဟု နေရီတွေးမိသည်။ ဖြစ်တော့လဲဖြစ်နိုင်ပါသည် ဟန်နေဟာ ရည်းစားရှိချင်လဲရှိနေနိုင်တာပဲ။

အဲ့လိုတွေးမိတော့ နေရီစိတ်ထဲမှာနေရခက်သလိုလို ဘာလိုလိုနှင့်တစ်မျိုးဖြစ်သွားမိသည်။ အတူတူနေစဉ်ကာလအတွင်းမှာ အနာဂတ်တွေကိုမတွေးမိပဲနေခဲ့တာဟာ နည်းနည်းတော့ စိတ်မသက်သာပေ။ တစ်ချိန်ချိန်မှာခွဲသွားရမည်မဟုတ်ပါလား။ နေရီတော့ သံယောဇဉ်တွေ မွေးမြူမိပြန်ပြီထင်ပါရဲ့။

မျက်နှာညှိုးနေသော ဟန်နေကိုကြည့်ကာ သူပျော်အောင် နေရီလုပ်ပေးချင်မိသည်။ တစ်ချိန်ချိန်မှာခွဲသွားရမယ်ဆိုပေမဲ့ မခွဲခင်အချိန်မှာတော့ မျက်နှာလေးတောင်အညှိုးမခံချင်ပေ။

စကားစပ်ဆက်မိလို့ ရေတွင်းမှာ အစ်မယဉ်နုတို့နှင့်ပြောမိရာကနေ နေကြာခင်းအကြောင်းကြားရသည်။ မိုးဦးနောက်ကျတာကြောင့် နေကြာတွေဟာ နောက်ကျမှစိုက်ရသလို နေရီတို့ရွာဆိုလျှင် စိုက်ပျိုးပြီးသားတွေတောင် ထယ်ပြန်ထိုးပစ်ကြသည်။ မိုးနှောင်းမှသာ ပြန်စိုက်ကြရမည်။

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Opowieści tętniące życiem. Odkryj je teraz