အခန်း (၉)

7.1K 701 3
                                    

"လစာတွေ ရလာပြီဆိုတော့ ပျော်နေပြီပေါ့"

ဘာလိုလိုနဲ့ရွာကိုရောက်တာဟာ တစ်လနီးပါးကြာခဲ့ပြီဖြစ်သလို ဝန်ထမ်းတွေ၏လကုန်ရက်ကလည်းရောက်လာတော့ ဆရာက လစာလာထုတ်ဖို့ဖုန်းဆက်လေသည်။ လူကြုံပါး၍ရသော်လည်း ကိုယ်တိုင်လက်မှတ်ထိုးရသေးတာမို့ မဖြစ်မနေသွားရသည်။

ဟန်နေမှာ အရမ်းတွေနေပျော်လွန်းတော့ ကိုယ့်ဘာသာဝန်ထမ်းဆိုတာကိုတောင်မေ့လို့နေသည်။

"မပျော်ပါဘူး အစ်မကလည်း ဟန်နေလစာလေးမှ နှစ်သိန်းတစ်သောင်းကျော်လေးကို ကာကွယ်ဆေးဖိုးကဖြတ်သေးတယ်လေ သုံးသောင်းကျော်တောင်ဖြတ်ခံရတာ နှစ်သိန်းတောင်မပြည့်ဘူး"

လက်ထဲကပိုက်ဆံတွေကို ဆူဆောင့်ပြီးထုတ်ပြတော့ အစ်မနေရီကရယ်သည်။

"ငယ်လေးက ဘာတွေများသုံးစရာရှိနေလို့တုန်း ပြီးတော့ ကာကွယ်ဆေးဖိုးတွေကလည်း ငယ်လေးပြန်ရတာပဲကို ဆေးကုထားတဲ့ပိုက်ဆံတွေရော ရှင်လေးချမ်းသာနေပါပြီ"

ဟုတ်တော့လည်းဟုတ်သည် ဟန်နေဟာအင်မတန်ကံကောင်းသည်ဟုပြောရမည်။ တချို့မြိုနယ်တွေဆို ကာကွယ်ဆေးမထိုး ပြောမရဆိုမရ ရွာတွေဖြစ်သော်လည်း ဟန်နေထိုင်သည့် နယ်ခွဲကတော့ ကာကွယ်ဆေးလဲထိုးသလို ဌာနကလူတွေကိုလည်းလေးစားကြသည်။ ပြောစကားလဲနားထောင်သလို ပိုက်ဆံလေးငါးရာတစ်ထောင်နဲ့ တွက်ကပ်မနေ။

ပြီးတော့ နယ်ခွဲအတွင်းမှ ကျန်သည့်ရွာတွေမှာလည်း ဆိုင်ရာ တိကျန်းမာရေးလုပ်သားတွေဟာ ဟန်နေရုံးမှာ ကာကွယ်ဆေးလာထုတ်ပြီး သူတို့ရွာကိုထိုးသလို ထိုးရသည့်အကောင်ရေအတိုင်း ဟန်နေကိုပြန်အပ်သည်။

သူတို့နှင့်ဌာနဆိုတာခွဲခြားမရသလို လူဦးရေနည်းသော ဌာနအတွက် သူတို့လိုလူတွေကလိုသည်။ ဌာနဖက်ကတော့ သူတို့ကိုမသိမသာလုပ်ပိုင်ခွင့်လည်းပေးရတာပေါ့လေ။ ဆေးကုတာတို့ဘာတို့ဆို ဆိုးဆိုးရွားရွားမဟုတ်ရင် မသိချင်ယောင်ဆောင်ပေးထားတာမျိုးပေါ့။ သို့သော်လည်း သူတို့မနိုင်သည့်ရောဂါဆိုရင်တော့ ဟန်နေတို့ဆရာဝန်တွေ လှမ်းမေးတာဘာညာရှိသည်။

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Où les histoires vivent. Découvrez maintenant