အခန်း (၈)

6.9K 689 10
                                    

"အစ်မ ဟန်နေ ဒီစာအုပ်တွေယူကြည့်လို့ရလား"

မှန်ဗီရိုထဲကစာအုပ်တွေကို လက်ညှိုးထိုးပြလိုက်တော့ နေရီက တစ်ချက်ပြုံးကာ

"ယူဖတ်လေ ငယ်လေးရဲ့ အမေရှိတုန်းကတော့ အစ်မလည်း အားတဲ့အချိန်ဆိုဖတ်ဖြစ်တယ် အခုတော့ အလုပ်တွေများတာနဲ့ စာတောင်သိပ်မဖတ်ဖြစ်တော့ဘူး ငယ်လေးကြိုက်တာယူဖတ်"

အစ်မနေရီ၏အိမ်ကိုရောက်ကတည်းက ဒီစာအုပ်ဗီရိုကို မျက်စိကျနေတာပင်။ စစချင်းဆိုတော့ တောင်းရမှာအားနာသလိုဖြစ်နေသောကြောင့် နှုတ်ဆိတ်နေခဲ့တာ အခုတော့ ဆန္ဒတွေပြည့်ဝသွားခဲ့ပြီ။

ဟန်နေရဲ့ကမ္ဘာဟာ စာအုပ်တစ်အုပ်နှင့် တစ်နေကုန်သွားတတ်သော နေ့တွေရှိသည်။ ဖတ်ပြီးပေမဲ့အဲ့စာအုပ်ကို ကြိုက်သည့်အခန်း သဘောကျသည့်စာစုလေးတွေကို ထပ်ထပ်ခါခါဖတ်မိသလို ဇာတ်ကောင်နေရာမှာပါကိုယ်တိုင်ဝင်ခံစားတတ်သောသူ။

ဗီရိုကိုဖွင့်လိုက်တော့ ပရုတ်လုံးနံ့သင်းသင်းကိုရသည်။ သူ့အကန့်နှင့်စီထားသောစာအုပ်တွေထဲမှာ ဆယ်စောင်တွဲ ငါးရာ့ငါးဆယ်နိပါတ်တော် စသည့်ဘာသာရေးစာအုပ်တွေလည်းပါသလို ရသစာပေ သုတစာပေအတော်များများရှိသည်။

"ဒါတွေ အစ်မဝယ်စုထားတာလား"

ဆရာမ ခင်ခင်ထူး၏စာအုပ်ကိုအသာဆွဲထုတ်ပြီး စာအုပ်ကိုလှန်ကြည့်လိုက်တော့ မာတိကာစာရွက်မှာ ရက်စွဲလေးနှင့် နေရီရီဆိုသောလက်မှတ်လေးထိုးထားသည်။

"အင်း တစ်ချို့ဟာတွေလည်း လက်ဆောင်ရတာ တစ်ချို့ဟာတွေကလည်း အစ်မကျောင်းတက်တုန်းကဝယ်ထားတာ မြို့ပေါ်သွားရင်းဝယ်ထားတာတွေလေ"

"ဒါဆို ဟန်နေနဲ့ အစ်မနဲ့ဝါသနာခြင်းတူတယ် စာဖတ်ရတာ ဝါသနာပါသလို စာအုပ်တွေကိုစုရတာလည်းစိတ်ဝင်စားတယ် ဟန်နေဆီမှာတော့ အစ်မလောက်မများဘူး"

"ဖြည်းဖြည်းချင်းစုရတာပဲလေ ငယ်လေးရဲ့ ငယ်လေးလည်းအစ်မလိုအရွယ်ရောက်ရင် အစ်မထက်တောင်များချင်များမှာပေါ့"

"ငယ်ငယ်တုန်းကတော့ ဝယ်စုဖြစ်သေးတယ် တက္ကသိုလ်တက်တော့ တစ်နှစ်မှတစ်ခါလောက်ပဲဝယ်ဖြစ်တာ အဲ့ဒါတောင်မသေချာဘူး ပြီးတော့ E book တွေကပေါ်လာတာလည်းပါတာပေါ့ ဒါပေမဲ့ ဟန်နေကတော့စာအုပ်ကိုင်ပြီးဖတ်ရတာကိုပိုသဘောကျတယ်"

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Onde histórias criam vida. Descubra agora