အခန်း (၁၆)

8.3K 681 3
                                    

နူးညံ့ကြည်လင်နေသော အစ်မရဲ့မျက်ဝန်းတွေကို ထိပ်တိုက်ကြည့်ပြီး အစ်မကိုသဘောကျတယ်လို့ပြောမိတော့ အစ်မရဲ့နှုတ်ခမ်းဖျားလေးတွေဟာ ကွေးတက်သွားကာ ဟန်နေစွဲလန်းရတဲ့ အပြုံးတစ်ပွင့်ဖြစ်ထွန်းလာတယ်။

ဆံနွယ်တွေကို သပ်တင်လိုက်ပြီး နားရွက်အဖျားမှာညှပ်ကာ အစ်မက စကားဆိုလာတယ်။

"အစ်မလည်း ငယ်လေးကိုသဘောကျတယ်လေ"

ရယ်မြူးနေသည့်အစ်မရဲ့မျက်ဝန်းတွေ နှုတ်ခမ်းပါးလေးတွေကိုကြည့်ကာ ဟန်နေအသက်ဝိဉာည်ပျောက်ဆုံးသွားသလိုပဲ။ ဒါပေမဲ့ အစ်မကိုသဘောကျတာဟာ အစ်မထင်သလို သဘောကျတာမျိုးမဟုတ်ဘူးဆိုတာ ဟန်နေဘယ်လိုရှင်းပြရမလဲ။

မြို့ကြီးမြို့ပြမှာနေထိုင်သူအချို့တောင် ဒီလိုကိစ္စဟာလက်ခံဖို့ အနည်းငယ်ခက်ခဲနေတုန်းပဲမဟုတ်ပါလား။ မိန်းကလေးနှစ်ယောက်ကြားက သဘောကျခြင်းဆိုတာကို အစ်မနားလည်မှာလား။

"အစ်မကို သဘောကျတယ်ဆိုတဲ့အဓိပ္ပာယ်ကို အစ်မနားလည်ရဲ့လား"

အစ်မကခပ်ဖွဖွပြုံးပြန်တယ်။ တန်ဆောင်မုန်းလရောင်နဲ့အပြိုင်ပေါ့ အပြုံးတွေကတောက်ပနေတယ်။ လေအေးအေးတိုက်ခတ်နေပေမဲ့ ဟန်နေလက်ဖဝါးတွေကတော့ ချွေးစေးထွက်ကာ ပူလောင်မှုအနည်းငယ်ကိုလည်း ခံစားလို့ရနေတယ်။

"တစ်စုံတစ်ယောက်ကိုသဘောကျတာမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ လိုလို့လား"

ဒီတစ်ခါတော့ ဟန်နေပြုံးအလှည့်ပေါ့။ အစ်မစကားတွေက ရိုးစင်းသည်ဟုထင်ရပေမဲ့ အဓိပ္ပာယ်ရှိသလိုပဲ။ တစ်စုံတစ်ယောက်ကိုသဘောကျခြင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမလိုပါဘူး။

"အင်း ဟုတ်တယ် ဟန်နေ အစ်မကိုသဘောကျတယ် အစ်မရဲ့အရာရာတိုင်းကိုပေါ့ ပြီးတော့ အစ်မဘာလုပ်လုပ်ပေါ့ ပြီးတော့ ဘယ်တော့မှမငြီးငွေ့သွားမဲ့သဘောကျခြင်းမျိုးပေါ့"

တန်ဆောင်မုန်းလရောင်၏အောက်မှာမြင်နေရသော ဟန်နေရဲ့မျက်နှာကို အစ်မကစေ့စေ့ကြည်တယ်။ ပြီးတော့ အစ်မကထပ်ပြုံးပြန်တယ်။

"ငယ်လေးလိုပဲ အစ်မလည်း ငယ်လေးကို ဘယ်တော့မှ မငြီးငွေ့တဲ့သဘောကျခြင်းမျိုးနဲ့သဘောကျတယ်"

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Wo Geschichten leben. Entdecke jetzt