အခန်း (၁၇)

8.4K 683 7
                                    

"အိုး အနံ့လေးကိုမွှေးနေတာပဲ"

မီးဖိုထဲထည့်ထားသော ထန်းပင်မြစ်တွေကိုကြည့်ကာ သရေကျနေသော ဟန်နေကို နေရီရယ်လိုက်သည်။ ထန်းပင်မြစ်ကိုမီးဖိုထဲထည့်ဖုတ်ထားသော ရနံ့လေးကသင်းပျံ့လို့နေသည်။

ထန်းပင်မြစ်ကို အညာ​ဒေသ၏ဆောင်းရာသီအစားအစာလို့ပင်ခေါ်ဆိုသည်မဟုတ်ပါလား။ နေရီတို့လို ထန်းပင်ပေါသော အညာဒေသရွာလေးမှာ ဆောင်းရာသီတွင် ထန်းပင်မြစ်ကိုဖောဖောသီသီ အများဆုံးတွေ့ရတာပင်။

ထန်းပင်မြစ်ဆိုတာက ထန်းပင်၏အမြစ်ကိုဆိုလိုခြင်းမဟုတ်ပေ။ ထန်းပင်မှထန်းသီးပေါက်လေးတွေကြွေကျရာကနေထွက်လာသော အဆို့ပေါက်လေးတွေပင်။

နေရီတို့ရွာမှာတော့ ထန်းပင်မြစ်ကိုသီးသန့်ကို စိုက်ပျိုးကြသည်။ ဆောင်းဦးကာလဆို ထန်းပင်မြစ်ကစျေးကောင်းသည်လေ။

စိုက်ပျိုးရာတွင်လည်း ရင့်မှည့်နေသော ထန်းသီးတွေရဲ့အစေ့ကိုသာ စိုက်ပျိုးရသည်။ ထန်းစေ့ကို ဝါခေါင်လ တော်သလင်းလလောက်မှာစိုက်ပျိုးပြီး ထန်းစေ့ချရာမှာလည်း တစ်စေ့ချင်းမဟုတ်ပဲ ပဲပင်ညှောင့်ဖောက်သလို အစုလိုက်စိုက်ရသည်။ စိုက်ပျိုးမြေကလည်း သဲမြေဖြစ်ဖို့လိုသေးသည်။ ရိုးရိုးမြေကြီးမှာဆို မဖြစ်ထွန်းပေ။
ဒါကြောင့်ရွာမှာဆို ချောင်းသဲတွေကို လှည်းဖြင့်တိုက်ကာ ထန်းပင်မြစ်ပျိုးရာတွင်သုံးကြသည်။ တန်ဆောင်မုန်း နတ်တော်ဆိုထန်းပင်မြစ်ဖော်ကြကာ ရာသီချိန်အလိုက် ရောင်းချကြသည်။
(#crd)

ထန်းပင်မြစ်ကိုအလွယ်ကူဆုံးစားတာကတော့ မိီးဖုတ်စားတာပါပဲ။ မီးပုံထဲ ဒီတိုင်းပစ်ထည့်ပြီး အပြင်ခွံတွေ မဲတာနဲ့ အတွင်းသားနူးနူးညံ့ညံ့လေးကို သုံးဆောင်လို့ရပြီဖြစ်သည်။ ရေနွေးနဲ့ပြုတ်ပြီး ဆီ၊ ဆားထည့်ပြီး ဆိမ့်သက်သက်အရသာနဲ့ လည်း စားလို့ရနိုင်သေးသည်။
(#crd)

"အား ပူလိုက်တာ"

မီးဖိုထဲက ထုတ်ထုတ်ချင်းထန်းပင်မြစ်ကို လက်ဖြင့်ကိုင်မိတော့ အပူလောင်ပြီး ဟန်နေမှာ မျက်ရည်တောင်ဝဲလာသည်။

❣️ဖူးစာရှိသောအရပ်ဝယ်❣️ Meet your destiny!!Opowieści tętniące życiem. Odkryj je teraz