Unicode
"အမိန့်..ငါခုဏကညို့သခင်ကို
စေညွှန်သူနဲ့တွေ့ခဲ့တယ်"အမိန့်အဆောင်မှာစာအုပ်ကျန်ခဲ့လို
ပြန်ယူသည့်ခွန်းကိုစောင့်နေတုန်း
စကားလာပြောသည့်
ကောင်လေးကိုကြည့်ကာ
မျက်လုံးတို့ကစူးရဲသွားသည်။ကော်ရစ်တာမှာရပ်နေသည်က
တစ်ကြောင်း၊ဒီအကောင်အသံက
ဘေးလူတွေကြားအောင်မြှင့်ပြော
သည်မို့အကုန်လုံးကလှည့်ကြည့်
လာကြသည်။သူတို့ကြားထားတဲ့သတင်းက
မှန်လေမလားဟုနားစွင့်နေသူ
အများအပြား။အမိန့်ရာ,စေညွှန်သူကိုကြည့်မရ
သည်မှာဒီကောင့်စနက်။
စေညွှန်ကိုမကျေနပ်တာနဲ့
အမိန့်ရာရှေ့မှာစေညွှန်မကောင်း
ကြောင်းတွေပြောကာ
ညို့သခင်ကိုအမိန့်ရာသဘောကျ
နေသည်ကိုသိတော့ထိုကိစ္စနဲ့
အကြောင်းပြကာရန်တိုက်သည်။"အဲ့တော့ငါကဘာလုပ်ရမှာလည်း"
ကော်ရစ်တာကိုမှီကာပျင်းရိဟန်ဖြင့်
ပြောလာသည့်အမိန့်ရာကြောင့်
သူလန့်သွားရသည်။ဒီကောင်ရိပ်မိသွားတာလား။
နေ့တိုင်းဒီသတင်းကြားဆို
မျက်နှာမည်းကာကြုံရာ
လူတွေကိုပြသနာရှာနေကြလေ။"မင်းမနာလိုဘူးလား..မင်းကြိုက်တဲ့
လူကတခြားတစ်ယောက်နဲ့
ရင်းရင်းနှီးနှီးနေ,နေတာလေ""ငါကြိုက်တဲ့လူဟုတ်လား.."
"အေးလေ..မင်းကြိုက်တဲ့လူ"
"ငါကြိုက်တဲ့လူကဘယ်သူလည်း"
"အမိန့်..မင်းနောက်နေတာလား
မင်းကြိုက်တဲ့လူညို့သခင်လေ"အတည်ပေါက်နဲ့မေးလာတဲ့
အမိန့်ကြောင့်သူလန့်လာပေမဲ့
ဟန်ဆောင်ထိန်းထားရသည်။"ငါကြိုက်တဲ့လူကညို့သခင်
ဟုတ်လား...မင်းဟာသတွေ
သိပ်ပြောတာပဲ""ငါပြောတာမ..မဟုတ်လို့လား"
ချွေးတွေပြန်ကာအသံတွေ
တုန်လာသည်ကောင်လေးကြောင့်
အမိန့်ပြုံးလိုက်သည်။အမိန့်သိတာပေါ့ဒီကောင်လေး
သွေးပျက်နေမည်ကို။
ဘာကြောင့်ဆိုအမိန့်ရာက
ညို့သခင်ကိုကြိုက်နေတယ်ဟု
သတင်းဖွခဲ့တဲ့လူကသူဖြစ်
နေသည်လေ။
BẠN ĐANG ĐỌC
Lãng mạnUnicode ကျွန်တော်က အနောက်က လိုက်ရတာထက် ဘေးချင်းယှဉ်ရပ်နိုင်တာကိုပဲ လိုချင်တာ အမိန့်ရာ ကိုယ်တစ်ယောက်လုံး မင်းဘေးရပ်နေတာ နဲ့တင် မလုံလောက်ဘူးလားbaby မင်းမာန်ခစား Zawgyi ကြၽန္ေတာ္က အေနာက္က လုိက...