Ep 10(ငါတစ်နေ့တော့ မင်းကိုပြောပြပါမယ်)

1.3K 155 2
                                    

Unicode

"ငါတို့ဘာကားကြည့်ကြမလဲ"

သုံးယောက်သားဖုန်းထဲက
ရုံတင်ရုပ်ရှင်ကားတွေရှာကာ
ရွေးနေကြသည်။

ပိတ်ရက်မလို့ စင်တာထဲတွင်
လူတွေများလှသည်။
မနက်က အကုန်လုံးSinaစင်တာကိုပဲ
ရွေးချယ်လိုက်သည်။ဈေးဝယ်ရန်လည်း
အဆင်ပြေသလို မနက်စာနဲ့ ရုပ်ရှင်လည်း
ကြည့်နိုင်သည်။ ကစားချင်ရင်လည်း
စင်တာရဲ့အပေါ်ဆုံးထပ်က ကစားကွင်းမှာ
၀င်ရောက်ကစားနိုင်သည်။ ဆိုင်မှာမနက်စာ
၀င်စားကာ ရုပ်ရှင်ကြည့်ရန် ပြင်လိုက်သည်။

"ဒီကားလေးကြည့်ရအောင်"

ခွန်း လက်ညိုးထိုးပြတဲ့ ကားကို
ကြည့်လိုက်တော့'ငါကbeta'ဆိုတဲ့
ရုပ်ရှင်ကား။

"စေညွှန်ကြည့်ကြမလား"

"ကြည့်မယ်လေ..ငါလက်မှတ်
၀ယ်လိုက်မယ်"

နာမည်လေးကရိုးပေမဲ့ reviewတွေက
ကောင်းတာမို့ဝင်ကြည့်ရန်
သဘောတူလိုက်သည်။

"ရပြီ..ဆယ်တစ်နာရီစမှာဆိုတော့
မလိုတော့ဘူးသွားရအောင်"

"အေး.."

"နေအုန်း..ငါမုန့်သွားဝယ်လိုက်မယ်"

ခွန်းကမုန့်သွားဝယ်တာမို့ အမိန့်တို့
နှစ်ယောက်အရင်ဝင်ရန် ပြင်လိုက်သည်။

ပိတ်ရက်ဆိုပေမဲ့ ရုံတင်တာကြာပြီမို့
လူကတအားကြီးများနေတာမျိူး
မရှိပေမဲ့ တအားရှင်းနေတာမျိူး
မဟုတ်ပေ။

အတွဲတွေလည်းရှိနေကာ
သူတို့အာရုံနှင့်အလုပ်များနေကြသည်။

ထိုင်ခုံမှာဝင်ထိုင်ကာရုပ်ရှင်ကို
စောင့်နေလိုက်သည်။
ဒီကမ္ဘာကရုပ်ရှင်ရုံတွေက
သူတို့ကမ္ဘာနှင့်တအားမကွာပေမဲ့
ပို၍အဆင်ပြေလှသည်။

"ခွန်း..ဘာဖြစ်လာတာလဲ"

"ဘာ..ဘာမှမဖြစ်ပါဘူး"

အသံတွေကထစ်ကာလက်တွေက
တုန်ရီနေတာတောင်ဘာမှ
မဖြစ်ဘူးပြောလာသည့်ခွန်းကြောင့်
အမိန့်စိတ်ထဲထင့်သွားသည်။

"ခွန်း..အဆင်ပြေရဲ့လားချွေး
သုတ်လိုက်အုန်း"

စေညွှန်ကသူလွယ်အိတ်ထဲက
တစ်သျှူးတစ်ရွက်ထုတ်ကာ
ကမ်းပေးလာသည်။

ငါ့သတို့သားလောင်းကAlphaတဲ့     ငါ့သတို့သားလောင်းကAlphaတဲ့Onde histórias criam vida. Descubra agora