Ep 7(အခ်စ္)
1.4K 201 4
Unicode
စေညွှန်ဒီနေ့လိုအပ်တာတွေ
၀ယ်ရန် ကုန်တိုက်သို့ရောက်နေသည်။
ကုန်တိုက်ထဲပတ်နေသည်မှာ
တစ်နာရီလောက်ရှိနေပြီ၊လိုချင်သည့်
ပစ္စည်းတွေကမစုံသေး။
"အချစ်..တိုက်ဆိုင်လိုက်တာ"
စကားသံနဲ့အတူစေညွှန်ခါးပေါ်
ရောက်လာတဲ့လက်တစ်စုံ။
စေညွှန်မော့ကြည့်လိုက်တော့
ညို့သခင်။စေညွှန်နဲ့သူတစ်ခါသာ
တွေ့ဖူးသည်။
ခါးကိုဖက်ထားတဲ့လက်ကိုဖယ်ကာ
ရုန်းလိုက်သည်။
"ခနလေးကူညီပေး"
်နားနားကပ်ကာပြောလာတဲ့
လေသံတိုးလေးကြောင့်ရုန်းနေတဲ့
ခန္ဓာကိုယ်လေးကငြိမ်သက်သွားသည်။
မာမီရဲ့တစ်ချက်လွတ်အမိန့်ကြောင့်ရော
သူ့ကိုညီလေးတစ်ယောက်လိုတောင်
အလိုမလိုက်ချင်ဘူးလားဆိုပြီး
ရစ်နေတဲ့ပေါက်စေကြောင့်
သခင်တစ်နေ့လုံးပေါက်စ
နဲ့လျှောက်လည်နေရသည်။
၀ယ်လိုက်သည့်ပစ္စည်းတွေမှာ
အများအပြား။ဒီကြားထဲသူ့ကို
အထာပေးနေသည့်omegaတွေကို
တွေ့ရင်မျက်လုံးကြီးစွေကာ
ရန်ဖြစ်မတတ်ဖြစ်နေတဲ့ပေါက်စကို
ဆွဲရသေးသည်။
ဒီပေါက်စကလူကိုချစ်တာမဟုတ်ပဲ
အပင်ပန်းခံသည်။
ပြီးရင်ပြောလိုက်သေးတယ်။
"အချောအလှတွေးကိုစုစည်းချင်တဲ့
သူ့ရဲ့ဝါသနာပါတဲ့"
ထိုစကားဆိုကာချောပေ့လှပေ့
Alphaတွေကိုလိုက်သည်။
ပြီးရင်အစ်ကိုတွေသူငယ်ချင်းတွေ
zoneထဲထည့်သည်။
သခင်ဖိနပ်ဝယ်ဆိုင်ထဲရပ်စောင့်နေရင်း
အပြင်ကိုကြည့်လိုက်တော့ဟိုတစ်ခါ
သူကူညီပေးဖူးတဲ့omegaလေး။
လက်ထဲမှာလည်းအထုပ်တွေနှင့်။
သူလည်းဈေးဝယ်ထားလာပုံပင်။
ကြည့်ရတာတစ်ယောက်ထဲ
ဖြစ်မည်။
"အချစ်..တိုက်ဆိုင်လိုက်တာ"
သခင်အပြင်ကိုပြေးထွက်ကာ
ခါးကနေသိုင်းဖက်ကာပြောလိုက်သည်။
"ခနလေး..ကူညီပေး"
ရုန်းနေတဲ့ကိုယ်လေးကိုအသာချူ ပ်ကာ
နားနားတိုးပြောမှရပ်သွားသည်။