Unicode
ကားသည် ခြံရှေ့မှာတင်ရပ်ကာ လူနှစ်ယောက်က ပစ္စည်းတွေကိုချကာ
အိမ်ထဲသို့ဝင်လာခဲ့သည်။"အမိန့် အဆင်ပြေပါမလား?ငါမင်းတို့
နှစ်ယောက်ကို ၀င်ရှုပ်သလိုဖြစ်နေမလား""မင်းမေးတာနောက်ကျနေပြီ၊အိမ်ရှေ့တောင်
ရောက်နေပြီ""ဒါပေမဲ့.."
"လာ..၀င်ခဲ့"
လက်ထဲကcardနှင့် ခြံတခါးကိုဖွင့်ကာ
၀င်လာခဲ့သည်။လမ်းတစ်လျောက် ဘယ်သူမှ
မတွေ့တာမို့"လူမရှိဘူးလား"
"အင်း၊အိမ်စောင့်တွေမရှိဘူး ဟိုရက်က
ကိုကိုကြီးကအေးဆေးနေချင်လို့ ခုပြန်ခေါ်ပေး
မယ် ပြောတယ်""ကောင်းလိုက်တာ"
လုံချင်းတိုက်ကလေးက တကယ်ချစ်စရာ
ကောင်းသည်။မင်းမာန်ခစားနဲ့ ဒီနေရာက
မအက်စပ်သလို ခံစားရသည်။"ဒီဗီလာအသေးလေးက မင်းလူကြီး
ပိုင်တာရော ဟုတ်ရဲ့လား?""မင်းဘာပြောချင်တာလဲ?"
အိမ်ထဲသို့အထုတ်တွေ ချထားရင်း အမော
ဖြေနေရင်းမှ အိမ်ထဲကိုလှည့်ပတ်ကြည့်ကာ
မေးလာသည်။"ဟုတ်ပါတယ်ကွ၊ဘာလဲ မင်းကကိုကိုကြီး
တခြားသူဆီက လုထားတယ်ထင်နေလား?
ဒါကိုကိုကြီးကိုယ်တိုင် ဒီဇိုင်းဆွဲထားတာ"အမိန့်ရဲ့စကားကို ကြားမှ ခွန်းရဲ့သံသယ
တွေက ပိုသေချာသလို။ဆိုဖာပေါ်အေးဆေး
ထိုင်နေတဲ့ အမိန့်နားကို ကပ်သွားကာ"ဟေ့ကောင်(ဟေ့ရောင်)မင်းကိုကိုကြီးဆီမှာချစ်သူတွေ
ဘာတွေရှိခဲ့တာများလား?"အမိန့်ရဲ့ ကျောပြင်တို့ကမတ်သွားကာ
မျက်နှာကတည်ကာ"မဟုတ်တာတွေမပြောနဲ့!ဘယ်ကရှိရမှာလဲ?"
ပါးစပ်ကပြောနေပေမဲ့ မသေချာအမူအရာ
တွေကြောင့် ခွန်းမျက်ခုံးတို့တွန့်သွားရသည်။"အရူးကောင်၊အရူးကောင် မင်းဒါကို
မစဉ်းစားဖူးဘူးလား?မင်းမာန်ခစားလိုလူက
ဒီလိုချစ်စရာကောင်းတဲ့ အငွေ့အသက်ပြည့်
နေတဲ့ အိမ်မှာနေပါ့မလား?"
ESTÁS LEYENDO
RomanceUnicode ကျွန်တော်က အနောက်က လိုက်ရတာထက် ဘေးချင်းယှဉ်ရပ်နိုင်တာကိုပဲ လိုချင်တာ အမိန့်ရာ ကိုယ်တစ်ယောက်လုံး မင်းဘေးရပ်နေတာ နဲ့တင် မလုံလောက်ဘူးလားbaby မင်းမာန်ခစား Zawgyi ကြၽန္ေတာ္က အေနာက္က လုိက...