Unicode
အရပ်ရှည်ရှည်နဲ့လူက အရာအားလုံးကို
သူ့အောက်မှာ ရှိနေသလို မျက်ဝန်းများက
အသက်မဲ့စွာ ကြည့်နေသည်။လေကပြင်းတာကြောင့် ဆံပင်များက
လေနှင့်အတူလွင့်မျောလျက်ရှိသည်။"ညို့သခင်"
သခင်အနောက်ကိုလှည့်ကာ
"လာပြီလား"
ဆံပင်များက၀ဲခါလျက် အပြုံးများက
တောက်ပလျက်ရှိသည်။
ညို့သခင်ရဲ့ ဒီလိုပုံစံကို မမြင်ဖူးတာကြောင့်
စေညွှန်နေရာမှာတင် ကြောင်အနေမိသည်။အချိန်တွေက သွားနေပေမဲ့ သူတို့နှစ်ယောက်
အတွက်တော့ ရပ်တန့်လျက်ရှိသည်။နောက်ဆုံး ညို့သခင်က
"စေညွှန်"
"အင်း ၊အင်း မင်းငါ့ကိုဘာကိစ္စနဲ့ခေါ်တာလဲ"
စေညွှန်အခုချိန်မှာ အရမ်းတွေခုန်နေတဲ့
နှလုံးကို လျစ်လျှူ ရူပြီးမေးလိုက်သည်။
မျက်ဝန်းများက သိချင်စိတ်တို့ကြောင့်
၀ိုင်းစက်တောက်ပလျက်ရှိသည်။"မင်း ဟိုတစ်ခါကတွေ့ဖူးတဲ့ပေါက်စကို
မှတ်မိလား""ဟို..ဟိုဟမ်းစတားလေးလား"
"အေး မင်းသူ့ကိုအဲ့လိုခေါ်တာကြားရင်
အရူးအမဲသားကျွေးသလိုဖြစ်နေမှာ
သေချာတယ်"ထိုကလေးရဲ့ အကြောင်းကိုပြောနေတဲ့
ညို့သခင်က နူးညံ့ပျော်ရွှင်နေသည်။
စေညွှန် ခါးသက်သက်အပြုံးတစ်ခုနဲ့အတူ"ဘာလဲ? အဲ့ကလေးကငါနဲ့ပြသနာ
ရှာနေလို့လား""မဟုတ်ပါဘူးကွာ ဘာတွေလျောက်တွေး
နေတာလဲ"သခင် ဒီတစ်ယောက်ရဲ့ ဦးနှောက်ထဲ
ဘာတွေးလဲ သိချင်သည်။သူ့ကို မော့ကြည့်နေတဲ့ ကောင်လေးရဲ့ နဖူးကို
တောက်လိုက်သည်။စေညွှန်သူ့နဖူးကို ကိုင်ကာမကျေမနပ်
ကြည့်လိုက်သည်။"အဲ့တာမဟုတ်လို့ဘာဖြစ်ရမှာလဲ"
"မင်းကိုအကူအညီတောင်းချင်လို့"
"ဘာကိစ္စလဲ"
YOU ARE READING
RomanceUnicode ကျွန်တော်က အနောက်က လိုက်ရတာထက် ဘေးချင်းယှဉ်ရပ်နိုင်တာကိုပဲ လိုချင်တာ အမိန့်ရာ ကိုယ်တစ်ယောက်လုံး မင်းဘေးရပ်နေတာ နဲ့တင် မလုံလောက်ဘူးလားbaby မင်းမာန်ခစား Zawgyi ကြၽန္ေတာ္က အေနာက္က လုိက...