Unicode
ခွန်း အသိစိတ်ပြန်ဝင်လာတော့ မှတ်ဉာဏ်ထဲ
၀င်လာတဲ့အကြောင်းတွေကြောင့် သူဘယ်
ရောက်နေမှန်းသိလိုက်သည်။မူးနောက်နေတဲ့ခေါင်းကြောင်း သူခဏလောက်
ငြိမ်နေမိသည်။အမိန့်...အမိန့်စိတ်ပူနေအုန်းမယ်
ကုတင်ပေါ်ရှိကောင်လေးကို ငေးကြည့်တုန်း
လူးလွင့်လာတဲ့ကိုယ်လေးကြောင့် သတိရလာမှန်း သစ်နေစက်သိလိုက်သည်။ခဏလောက်ငြိမ်နေပြီးမှ ထထိုင်လာတာ
ကြောင့်"နှိုးပြီလား"
"ကျွန်တော်ကိုပြန်ပို့ပေး"
"......"
ခွန်း ယိုင်နဲ့နေတဲ့ခြေထောက်တွေကို အားတင်းကာ အခန်းထဲကထွက်လိုက်သည်။
"မြဲ..ကိုယ့်ကိုဘာလို့မသိချင်ယောင်ဆောင်
နေတာလဲ""ကျွန်တော် ခင်ဗျားကိုတကယ်မသိတာပါ"
"တကယ်လား"
"....."
သစ်နေစက် အခန်းတံခါးဝမှာ ရပ်နေတဲ့
ကောင်လေးရှေ့ရပ်ကာ မေးလိုက်သည်။"ခင်ဗျား အသိဆုံးနေမှာပါ၊လောကမှာ
ကျွန်တော်လိုလူမျိူးတွေအများကြီးရှိနိုင်တာပဲ
အခုပဲကြည့်လေ..ခင်ဗျား ကျွန်တောာကို
မြဲဆိုတဲ့လူနဲ့မှားနေတာ""လူနှစ်ယောက်ကအဲ့လောက်တူနိုင်လို့လား"
"ဒါပေါ့..အရိုးရှင်းဆုံးပြောရင် ခင်ဗျားရှာနေတဲ့
မြဲကအိုမီဂါ ကျွန်တော်ကဘီတာလေ""မြဲက အိုမီဂါဆိုတာမင်းဘယ်လိုသိလဲ"
သွားပြီ...
သူ့ထောင်ချောက်ထဲ ရောက်သွားတဲ့ခွန်း သိလိုက်ပေမဲ့ နောက်ကျသွားလေပြီ။
အသူတရာချောက်လို နက်ရှိုင်းနေတဲ့
မျက်ဝန်းတွေထဲ ရယ်မြူးမူတချိူ့ ပါဝင်နေသည်။"ကျွန်..ကျွန်တော်မှန်းကြည့်လိုက်တာ
ခင်ဗျား ကျွန်တော်ကိုခေါ်လာပေမဲ့ဘာမှ
မလုပ်ခဲ့ဘူးလေ..ဒါကြောင့် ကျွန်တော်က
မြဲမဟုတ်ဘူးဆိုတာသိလိုပေါ့..
ကျွန်တော်နဲ့ ဒီလောက်တူတာတောင် ခင်ဗျား
သိရင် အဲ့လူမှာကဂလင်းရှိပေမဲ့ ကျွန်တော်မှာ
မရှိတာခင်ဗျားသိလို့ပေါ့"
أنت تقرأ
عاطفيةUnicode ကျွန်တော်က အနောက်က လိုက်ရတာထက် ဘေးချင်းယှဉ်ရပ်နိုင်တာကိုပဲ လိုချင်တာ အမိန့်ရာ ကိုယ်တစ်ယောက်လုံး မင်းဘေးရပ်နေတာ နဲ့တင် မလုံလောက်ဘူးလားbaby မင်းမာန်ခစား Zawgyi ကြၽန္ေတာ္က အေနာက္က လုိက...