❤ 1 ❤

7.7K 332 6
                                    

Intro 🤟🏻
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

' ဒိုင်း ... ဒိုင်း... ဒိုင်း '

သေနပ်သံ သုံးချက် ကြားလိုက်ရပြီး တိတ်ဆိတ်သွားသည့် ပတ်၀န်းကျင်ကို Lisa မျက်မျောင်ကြုတ်ပြီး အကဲခတ်နေမိသည်။

ဘာလဲ ... ဘာတွေလဲ... သူတို့နယ်သည် Daegu နယ်ထဲမှာမို့ သည်လိုပဲ သေနပ်သံတွေတော့ ကြားဖူးနေသည် ။ တောတောင်တွေလည်း ထူထပ်တာမို့ တောပစ်ထွက်တက်သည့် လူတွေရှိတက်သည်ကိုး ။ တစ်ခါတစ်လေလည်း ဒုစရိုက်သမားတွေက တောထဲ ပြေးလာတက်ကာ ပစ်ခတ်မှုတွေလည်း ဖြစ်တက်သေးတာပင်။ ထို့အပြင် တစ်ခါတစ်လေ တစ်ချို့သော လူပြတ်လွန်းသည့် နေရာမျိုးတွင် တောကြောင်လူဆိုးသူခိုးတွေက အခါအခွင့်သင့်ရင် သင့်သလို လု့ယက်ကာ လက်ခမောင်း ထခတ်တက်ကြစမြဲ ။

ကားလမ်းက ဟိုးအမြင့်မှာရှိပြီး သူက တောတောင်တွေကြားက လျှိုမြောင်ထဲမှာ ဆေးမြစ်ရှာနေသည်မို့ အဖြစ်အပျက်တွေကို သေချာမြင်ရသည်တော့ မဟုတ် ။

ခန့်မှန်းကြည့်နေမိသည် ။
ဒါ အကြမ်းဖက်မှု တစ်ခုခုပဲ ဟု သူထင်လိုက်သည် ။​

Lisa ဟာ အဖိုး sung ရဲ့ ခိုင်းစေချက်အရ​ ဆေးမြစ်တွေ ရှာနေရတာ သည့်နေ့ တစ်နေ့လုံးပါပဲ ။​ ညီမလေး Jisoo ထုတ်ပေးလိုက်သည့် ထမင်းလိပ်နှင့် အမဲကြော်ကို စားပြီး သူ ဆေးမြစ်ရှာနေရသည်။

ညနေစောင်းပြီမို့ ဆေးမြစ်ရှာခြင်းကို လက်စသတ်ပြီး Lisa သူ့၏လက်ဆွဲတော် မြင်းကြီး Neon ကို လေချွန်ခေါ်လိုက်သည်။ မလှမ်းမကမ်းမှာ မြက်စားနေသည့် သူ့ရဲ့ အုန်းခွံရောင် မြင််းချောမြင်းလှကြီး neon က သူ့အပါးသို့ အပြေးကလေး ရောက်လာခဲ့သည် ။

သူ တောင်ခြေလျှိုမြောင်ထဲမှ neon ကို အသားကျစီးရင်း တောလမ်းမှ ထွက်လာခဲ့တော့ ခပ်လှမ်းလှမ်းမှာ ခွေးအ တွေ ဝိုင်းနေသည့် တစ်စုံတစ်ခုကို မြင်လိုက်ရသည် ။

" ဟ ... ဘာလဲ ... ညနေက သေနပ်သံကြောင့် သေသွားတဲ့ အလောင်းလား "

ခွေးအ တွေက ဘေးမှာဝိုင်းနေသလို .. ကောင်းကင်ယံမှာလည်း လင်းတတွေ ဝဲလျက် ။

Lisa ထိုနေရာသို့ neon ကို တဟုတ်ထိုး စီးသွားလိုက်သည် ။​လူနာလား ။​ လူသေလား ။ တိုင်းရင်းဆေးဆရာကြီး အဖိုး sung ရဲ့ မြေးပီပီ သူ လူသားတွေကို ကြင်နာ စာနာတက်ပါသည် ။

Lover, Hater, AdversaryWhere stories live. Discover now