❤️ 15 ❤️

1.6K 182 6
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

Chae မှာ မျက်မှန်မည်းကြီးတပ် ဦးထုပ်ငိုက်ငိုက်ဆောင်းပြီး လျှက်တစ်ပြက် ရိုက်ချခဲ့သည်ကြောင့် Beak အဖြစ်က သူ့ကို ဘယ်သူဆော်သွားမှန်း မသိလောက် ။​သည်တော့ ခပ်တည်တည်နှင့်ပင် Kai နဲ့ Han JM တို့ရှိရာ အိမ်သို့ ပြန်၀င်လာခဲ့သည်။

အိမ်မှာ လူစုံတက်စုံ ရှိနေပေပြီ ။​ Kai မှာ အိမ်ကြီးရှင် ပီပီ အားလုံးးကို ဆူပူကြိမ်းမောင်းနေပြီး Han JM မှာ မျက်နှာငယ်နှင့် ကြောက်ချင်ယောင် ဆောင်နေလေ၏ ။ Tiger ကတော့ Kai ရှေ့သို့ လာပင် မလာရဲခဲ့​။ ဒါလည်း သူတို့ အကြံနှင့်သူတို့  ကြောက်ချင်ယောင် ဆောင်နေခြင်းပါပဲ ။ Kai ကတော့ အဟုတ်ကြီးမှတ်နေ၏ ။

" တောက် ...Han JM ... ခင်ဗျားကို ကျုပ်လုံး၀ အယုံအကြည်မရှိတော့ဘူး။ဒီတော့ ခင်ဗျား ဦးဆောင်မှုကို ကျုပ် မနာခံနိုင်ဘူး ။ မပြတ်မသားကိစ္စတွေ ရှိသေးတဲ့အတွက် ကျုပ်တို့ အတူ ပူးပေါင်းနေရသေးတာမှတ်ပါ​။ ဒီလုပ်ငန်းတွေ အားလုံး ကျုပ်ရဲ့ ဦးဆောင်မှုအောက်မှ ရှိရမယ်​။ အားလုံး အဆင်ပြေပြေ ထုခွဲပြီးရင်တော့ ခင်ဗျား ရသင့်တဲ့ဝေစုကို ပေးမယ် ။ ခင်ဗျားနဲ့ ကျုပ် လမ်းခွဲမယ် "

Han JM မျက်ရည်တွေနှင့် Kai ကို မျက်ရည်ခံထိုး ရှိခိုးဦးချ တောင်းပန်လေ၏ ။

" မောင်လေးရယ် ......မမကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ....တစ်ကယ်တော့...."

"တော်ပြီဗျာ... ကျုပ်ကို ဆင်ခြေမပေးနဲ့ ။ ဒီကိစ္စတွေ အားလုံးပြီးရင် ကျုပ် Sana နဲ့ လက်ထပ်မယ်"

အခန်းထဲမှာ Sana နှင့် Jen တို့လည်း ရှိနေကြသည် ။​ sana နှင့် jen က ဘာစကားမှ ၀င်မပြောဘဲ သူတို့ နှစ်ယောက်ကိုသာ အကဲခတ်နေကြသည် ။​

ထိုအချိန်တွင် chae အိမ်ထဲသို့ ၀င်လာခဲ့ပြီး Jen ကို မျက်ရိပ်ပြလိုက်သည် ။ ခေါင်းကိုလည်း မသိမသာ ညိတ်ပြလိုက်၏ ။ မနက် ၈ နာရီလောက်ကတည်းက ပျောက်သွားခဲ့သည့် Jisoo၏ သတင်း ။ ပြန်တွေ့ပြီဆိုသည့် သ​င်ကေတ ။​

Li လည်း သူ့ညီမ အတွက် စိတ်အေးသွားရသည်။ ခြံထဲမှာ ပန်းပင်များရေလောင်းနေသည့် Li ထံသို့ Jen မသိမသာ အချက်ပေးလိုက်ပြီ မဟုတ်ပါလား ။ Jisoo တစ်ယောက် ပျောက်သွားပေမယ့် ဝုန်းဝုန်းဒိုင်းဒိုင်း မလုပ်ရဲ ။​ သူတို့နှစ်ယောက် ဒီအိမ်မှ ခွါလို့ မဖြစ်သေး ။ အခြေအနေတွေက အပ်ဖျားပေါ် မုန်ညင်းစေ့ တင်နေသလို ။

Lover, Hater, AdversaryWhere stories live. Discover now