❤️ 5 ❤️

1.9K 238 19
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

Seopo ထဲမှ လုံးချင်းအိမ်လေးတစ်အိမ် ။
သည်အိမ်လေးမှာ အစောင့်အဖြစ် ဦးကြီးK ကို ထားရှိသည် ။​ ဦးကြီးKဆိုတာ Jen တို့ မိဘများလက်ထပ်ကတည်းက လူယုံတော် ။ အိမ်ဆိုပေမယ့် တစ်ထပ်ခွဲတိုက်အိမ်လေးဆိုလျှင် ပိုမှန်မည် ။​ သူမတို့ ရောက်သွားသည့်အခါ ဦးကြီးK ခင်မျာ ကြက်သေသေလျက် မျက်လုံးပြူး မျက်ဆန်ပြူးလျက် ......

" မမလေးရေ .....အမျှ .... အမျှ...."

ကြောက်လန့်တကြားနှင့် နောက်ဆုတ် နောက်ဆုတ် ဖြစ်နေသဖြင့် Jennie ဦးကြီးK ကို ပိတ်အော်လိုက်သည်။

" ဟာ ဦးကြီး K ကလည်း ဘ​ယ်လိုဖြစ်နေတာလဲ ၊​Jen ကို တစ္ဆေသရဲမှတ်လို့လား "

" တစ္ဆေသရဲ ဟုတ်ရင် ဟုတ် ၊​မဟုတ်ရင် မမလေး မဟုတ်လို့ပဲ​"

Jen မျက်မှောင်ကြုတ်ပြီး အလိုမကျ ဖြစ်နေသော်လည်း Lisa က လက်ကာပြလိုက်သည် ။​

"ဦးကြီး ... ဒီက အဖြစ်အပျက်တွေကို ပြောပြပါဦး ။​လောလောဆယ် ခြံတခါးဖွင့်ပေးပါ ​။​ နေ့ခင်းကြောင်တောင်ကြီးလည်း ကျွန်မတို့ ဓါးမြတိုက်လို့်မရပါဘူး ။လမ်းပေါ်မှာလည်း လူတွေနဲ့ ၊ ဘေးအိမ်တွေမှာလည်း လူတွေနဲ့ပါ ။​ ဒီလောက် အကြောက်မကြီးပါနဲ့ ။Jen မျက်နှာလည်း ထောက်ဖို့ကောင်းပါတယ် "

ဆိုတော့မှ ဦးကြီးK က သူတို့ကို ခြံတခါးဖွင့်ပေးခဲ့သည်။  အိမ်ထဲတော့ မခေါ်သေး ။​ခြံထဲတွင်ပင် ခုံတန်းလေးများမှာ ထိုင်ကြရသည်။

" ကဲ ပြောပါဦး အခြေအနေတွေ "

Jen မှာ ဒေါသတွေ မျိုသိပ်ထားရသည်။ ယခုအခါ ကြေကွဲ၀မ်းနည်းမှုတွေ မရှိတော့ဘဲ သူမ အလှည့်စားခံ အလုပ်ကြံခံရသည်ကိုသာ တနုံ့နုံ့ တွေးပြီး ခံပြင်းနေလေ၏။

" လွန်ခဲ့တဲ့ တစ်လလောက်က မမလေး ခရီးထွက်သွားပြီး သုံးရက်အကြာတော့ သတင်းဆိုးကြားရတယ် ။မမလေး Daegu နားမှာ ဓါးမြအသတ်ခံရလို့ သေပြီဆိုပြီး။ မမလေး လက်ထပ်ထားတဲ့ စာချုပ်ကို ကိုင်ထားတဲ့ အကောင် တစ်ကောင်က ပေါ်လာခဲ့တယ် "

" တောက်"

jen ကျောချမှ ဓါးမြမှန်းသိ ။ ဒီယုန်မြင်လို့ ဒီချုံထွင်သည့် Kai အား မင်းသားခေါင်းဆောင်ထားသည့် ဘီလူးကြီးမှန်း ယခုမှ သိရလေ၏
( Fic အရမို့ Exo-L လေးတွေ Miyannal )

Lover, Hater, AdversaryWhere stories live. Discover now