❤️ 16 ❤️

1.6K 171 4
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

ည ၁၂ နာရီ.......

Jen နေသွားခဲ့သည့် အခန်းထဲမှာ kai , Han JM , chae ,Sana တို့ ၄ ဦး ။  အခန်းတခါးကို လုံအောင် ပိတ်လိုက်ပြီး chae ကို Kai က သော့ပေးလိုက်၏ ။​ chae က သော့ကို သေချာကြည့်ပြီး မီးခံသေတ္တာဖွင့်ဖို့ စမ်းသပ်ကြည့်နေသည် ။​

Han JM နှင့် Kai မှာ တစ်ဦးကိုတစ်ဦး အေးစက်သော အကြည့်များဖြင့် အကဲခတ်နေကြသည်။ အထူးသဖြင့် Han JM အသွင်က ဂနာမငြိမ် ။​ Kai ကလည်း လူပါးပီပီ သူ့ ဂျာကင်အိတ်ကပ်ထဲ လက်နှိုက်လျှက် ။​ ဂျာကင်အိတ်ကပ်ထဲမှာ သေနတ်နှင့် .. တစ်ခုခုဆို ပစ်ထည့်လိုက်မှာပဲ ။

Han JM က မာယာတစ်သိန်း အပလိန်းအနန္တ ဆိုသည့် မိန်းမမျိုး ။​ Tiger ကိုလည်း သူမပဲ ချုပ်ကိုင်ထားသည် ။ ယခုတော့ Han JM ကို KAI ရွံရှာ စက်ဆုပ်ရမှန်း သိပေပြီ ​ ။​ ကိုယ့်ကိုယ်ကိုယ်လည်း နောင်တရ၏။  သူသာ Jennie Kim ကို သတ်မပစ်ပဲ မူလအစီအစဉ်အတိုင်း လက်ထပ်ပေါင်းသင်းမည် ဆိုပါက ဒီပစ္စည်းများဟာ သူ့ပိုင်ပစ္စည်းများ မဟုတ်ပါလား ။

💭မယားပစ္စည်း လင်ပိုင်ပေမည်။  ယခုကျ ဒီပစ္စည်းတွေကို။ Han JM လည်း ဝေစုပေးရ ။  Tiger  နှင့် Chae ကိုလည်း ဝေစုပေးရဦးမည် ။​ တော်တော်မိုက်မဲ့တဲ့ ငါပဲ ။​ တစ်ခုလုံး​ရနေရက်နဲ့ တစ်စိတ်စီ ယူချင်တဲ့သူပဲ ၊ အလိုကြီးလို့ အရနည်းတာလား ။​​ရမ္မက်ကြီးလို့ ဒုက္ခရောက်ခဲ့ရတာလား ။​Han JM ရဲ့ ရမ္မက်ကျော့ကွင်းမှာ နဖားကြိုးထိုးခံခဲ့ရတာလား ။​💭

KAI နောင်တတွေ ရနေစဉ် Han JM ကလည်း အကွက်တွေချနေ၏ ။​

💭 ငါ tiger တို့ ၃ ယောက်ကို ခေါ်ထားတာ အခုထိ မလာသေးပါလား .  မီးခံသေတ္တာ ပွင့်သွားလို့ ရတနာတွေ ။ ရွှေတွေ ။ ငွေတွေ ထွက်လာရင် ငါတို့ အရင်လက်ဦးမှု ယူရမယ်  ။ Kai  ရယ် ... စိတ်တော့ မကောင်းပါဘူး ။​ ငါ့မှ ရွေးစရာလမ်း မရှိတော့လို့ပါ ။​ လူဆိုတာ ကမ္ဘာမီးလောင်ရင် သားကောင် ချနင်းရတာပဲ ။​နင်က အရင်လို င့ါရဲ့ ရုပ်သေးရုပ်လေး မဟုတ်တော့ဘူးလေ ။​ င့ါရဲ့ ချစ်သူကနေ ရန်သူ ဖြစ်သွားပြီ ။  Chaeကရော ဘာလုပ်ရမှာလဲ ။. .အို.... ရှုပ်ပါတယ် ။ ကျူပင်ခုတ်မှတော့ ကျူငုတ်ကျန်လို့ မဖြစ်ဘူး ။​ သူ့ကိုလည်း ရှင်းပစ်ရမှာပဲ​။  အရေးထဲ ဒိညမှ မုန်တိုင်းကြောင့် မိုးကရွာနေသေးသည်။ ဆောင်းနှင့်မိုး ပေါင်းပြီး ပတ်၀န်းကျင်က အေးစိမ့်စိမ့် ။ မီးပျက်ရင်တော့ ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး ။. ဟာ... မီးပြတ်မှ ပိုပြီး အလုပ်ဖြစ်မှာ 💭

Lover, Hater, AdversaryWhere stories live. Discover now