❤️ 14 ❤️

1.5K 189 14
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

"အား ..အင်း "

Jisoo သတိရလာသည့်အခါ အခန်းတစ်ခုထဲ ရောက်နေလေ၏ ။​ ဘယ်နေရာလဲ​။  ဘယ်သူ ဖမ်းလာတာလဲ ။ ကလေးလေးလို အော်ငိုမလို ဟန်ပြင်လိုက်စဉ် ခေါက်ဆွဲကြော်တစ်ပန်းကန်နှင့် ၀င်လာသည့် Tiger ကို တွေ့လိုက်ရသဖြင့် Jisoo လိပ်ပြာလွင့်မတက် ခံစားလိုက်ရသည် ။​

" ဘ​ယ်လိုလဲ ချစ်လေး ...ခေါင်းတွေ ကြည်လင်ပြီလား "

"ဟင်....ရှင်.....ရှင် .... ဘာဖြစ်လို့ ကျွန်မကို ဖမ်းလာတာလဲ ။ အခု ကျွန်မ ဘယ်ရောက်နေတာလဲ ။ ဒုက္ခပါပဲ ။ ကျွန်မမှာ ဘာအပြစ်ရှိလို့လဲ "

Jisoo ထိတ်လန့်နေတော့ Tiger က ထီမထင်အပြုံးနှင့်

" အပြစ်တွေကတော့ အများကြီးပေ့ါကွာ ။ ပထမ မင်းတို့ကို ငါ မသက်ာဘူး ။  မင်းတို့ ဘယ်လို အချိုးတွေ ။ ဘယ်လို အကြံတွေနဲ့ ၀င်လာတာလဲ ....မှန်မှန်ပြော ။​ မပြောရင်တော့ မင်းဘ၀ ပျက်သွားမယ််နော် ။​ဟိုမှာကြည့်  ... ငါ့တပည့်နှစ်ယောက်လဲ ရှိသေးတယ် ။ အားလုံး အားကောင်း မောင်းသန်ကြီးပဲ​။​ မင်းတစ်ကိုယ်လုံး စုတ်ပြတ်သတ်သွားမယ်"

Tiger စကားတွေ ကြားလိုက်လျှင် Jisoo ကြောက်စိတ်ထက် ဒေါသတွေ အတုံးလိုက် အလိပ်လိုက် ထွက်လာပြီး လူက ဆတ်ဆတ်တုန်နေတော့၏ ။​

💭 ဘုရားရေ ... ငါပန်းခူးရင်းပျောက်သွားတာ LiLi တို့မှ သိပါ့မလား ။  ဘယ်သူမှ မသိကြရင် ငါတော့ သူပြောသလို ဘ၀ ပျက်မှာပဲ​💭

သို့သော် ဆတ်ဆတ်ကြဲလေးပီပီ .... အကြောက်အရွံ့မရှိ ပြန်အော်တာပါပဲ​။

" အောင်မယ် ... .ဒါ မင်းမဲ့တိုင်းပြည်မှ မဟုတ်တာ ။ရှင်တို့ ဖမ်းချင်သလို ဖမ်းလို့ ရမလား ။​ ကျွန်မတို့ကို အထင်လွဲရအောင် စားစရာမရှိလို့ သူများအိမ်မှာ အိမ်ဖော်လာလုပ်နေတာပဲ ။​ဘာအထင်မှားစရာ​ရှိလဲ"

" အိမ်ဖော်ရုပ်ကလည်းကွာ .... မင်းသမီးတောင် လုပ်လို့ရတယ်​။ မင်းတို့ တမင်ရုပ်ဖျက်ထားတာပါ.... င့ါမျက်လုံးက သိပါတယ်"

" အို.. .ဒါတော့ ရှင် သက်သက် အပြစ်ရှာတာပဲ ။​ ဒါသက်သက် အကြောင်းရှာတာ ။ ကျွန်မတို့ ညီအစ်မမှာ စားစရာမရှိလို့ အဆက်အစပ် ရှိတဲ့အိမ်မှာ အလုပ်၀င်လုပ်ရတာ "

Lover, Hater, AdversaryWhere stories live. Discover now