❤️ 18 ❤️

1.8K 178 14
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

Kim-Han Family မှာ အကုသိုလ်တွေ အလိပ်လိုက် ၀င်နေပေပြိီ ။  ရှိသမျှ လူတွေ အားလုံး တစ်ယောက်နှင့် တစ်ယောက် သံသယတွေ အပြည့်၀င်နေကြပြီး အမုန်းတရားတွေက တဖွားဖွား ။ မနက် မိုးလင်းသည်နှင့် Kai.. Han JM ကိုလိုက်ရှာသည် ။​ အိမ်မှာ Han JM ရော tiger ရော မတွေ့ရ ။ ဘယ်ကိုသွားပြီး ဘာမဟုတ််တာ ကြံစည်နေကြလည်း မသိ ။​ မီးခံသေတ္တာသော့က Han JM ခိုးသွားတာပဲဖြစ်မည် ။

" တောက်.... လာပါစေ ။ သင်းတော့ တွေ့မယ် ။  င့ါကို ဒုက္ခတွင်းထဲ ဆွဲချမယ့်မိန်းမ ။  အခုလည်း မီးခံသေတ္တာထဲက  ပစ္စည်းတွေကို သူတစ်ယောက်ထဲ လိုချင်လို့ သော့ကို ခိုးသွားတာပဲ​ဖြစ်ရမယ် ။  သူ့ကို ငါအလွတ်ပေးလို့ မဖြစ်ဘူး ။​ငါမရှိတုန်း သူ့လင်နဲ့ပေါင်းပြီး ၀င်မွှေသွားလို့ ခက်မယ် "

Kai မှာ Han JM ကို အမုန်းကြီး မုန်းနေပေပြီ ။ Tiger နှင့် ပက်ပင်းတွေ့ထားသဖြင့် သူမအပေါ် ချစ်ခင်မြတ်နိုးစိတ်တွေ မရှိတော့ ။​ Jennie Kim ကိုသာ မြင်ယောင်ပြီး နောင်တတွေ ရနေ၏။

💭 Sana လည်း ငါ့အပေါ် ကောင်းပါတယ်လေ ။  အင်း... Han JM နဲ့ Tiger ကို ငါ့ဝေစုထဲက ခွဲပေးရဦးမယ် ။  ဒီနှစ်ယောက်ကို ငါ ဘယ်လို ဖြိုရပမလဲ 💭

Kai မှာ တစ်နေ့လုံး အိမ်တွင််းအောင်းရင်း မီးခံသေတ္တာရှိသည့် အခန်းရှေ့ ၀ရန်တာမှာ မျက်ခြည်မပြတ် ထိုင်စောင့်နေလေ၏ ။​Sana လည်း သူ့အနားမှာ လာပြီး စကားပြောရင်း စောင့်ပေးနေသည် ။​

"Park chae တစ်ယောက်လဲ ဘယ်ပျောက်သွားတာလဲ ။ သော့ကို များယူသွားတာလား မသိဘူး"

Chae ပါ ပျောက်နေသဖြင့် Kai သံသယတွေ ၀င်နေလျှင်  Sana  က ဖျောင်းဖျ၏ ။

" ဒိအခန်းထဲကို ဒီအိမ်ထဲ လူတွေ ဘယ်လွယ်လွယ်နဲ့ ၀င်နိုင်မလဲ ကိုကို ရယ် ။  စိတ်ကိုလျော့ပါ ။​ ဒီသေတ္တာ ဖွင့်နိုင်တဲ့လူ ထပ်ရှာပေ့ါ ။  ဒါမှမဟုတ် Park Chae ကိုပဲ စောင့်လိုက်ဦးလေ ။ သူ ဒဏ်ရာ ရသွားလို့ သူ့အိမ် ခနပြန်သွားတာလဲ ဖြစ်နိုင်တာပဲ "

" အင်း ....Han JM သူ့ဆီ အရင်သွားပြီး စည်းရုံးနေမလား မသိဘူး "

"ကိုကိုရယ် . ... စိတ်တွေ ပင်ပန်းလိုက်တာ။ အကောင်းဆုံးက Han JM ကို ရော  Park chae  ပါ ပေါင်းစုံပြီး ဒီသေတ္တာကို ရအောင်ဖွင့် ။ ပြီးမှ ရစရာရှိတာ ပေးစရာရှိတာတွေ ပေးလိုက်ပေ့ါ ။ ဒါမှ ရန်အေးမှာလေ"

Lover, Hater, AdversaryWhere stories live. Discover now