❤️ 9 ❤️

1.6K 191 14
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

ညကတော့ အထူးတိတ်ဆိတ်လျက် ။ ဆောင်းညချမ်းမို့ နှင်းတို့က ခပ်မှုန်မှုန် ။​နှစ်ထပ်တိုက်ကြီး၏ အထဲမှာတော့ နှစ်ပင်လိမ် ၊ သုံးပင်လိမ် ဇာတ်လမ်းတွေက ရှုပ်ပွလျှက် ။ ည ၁၀ နာရီခန့်ရှိပေမယ့် အိမ်ပေါ်မှာ မည်သူမျှ မအိပ်သေးကြသလို ကားဂိုထောင်အပေါ်ထပ်မှာလည်း Tiger နှင့် ဦးLice ကြီးတို့ မအိပ်သေးကြ။

Lisa က Tiger ထံမှ စကားအစအနတွေ ထွက်ပေါ်လာအောင် တစ်နည်းအားဖြင့် အရက်မူးတော့ ကျွဲခိုးပေါ်လာအောင် အရက်ပုလင်းတစ်လုံးနှင့် ပုလင်းထောင်ပေးထားလေ၏ ။​ အမြည်းက ၀က်ဆီဖတ်ကြော်။ Lisa ဖန်တီးထားတာလေ ။​ကိုယ်ကတော့ ဟန်ပြသောက်ချင်ယောင် ဆောင်ရတာပေ့ါ ။ စကားတွေလည်း ရေလာမြောင်းပေးလို့ ​။ Lisa က ကိုယ့်အကြောင်းကိုယ် ဇာတ််နာအောင်ပြောရင်း Tiger ရင်ထဲမှ အနာကို တူးဆွဖို့ ကြိုးစား၏ ။

" Tiger ရယ်... လောကကြီးမှာ မကောင်းဆုံးက မိန်းမတွေပဲဗျ .. ကျုပ်မှာ အခုထိ နလန်မထူအောင် ရင်ထဲမှာ နာကြည်းရတယ် ။ ကျုပ်မိန်းမကို ကျုပ် စိတ်သိပ်နာတာပဲ "

" ဘာဖြစ်လို့လည်း ဦးlice ရ​ ... ဦး Lice မိန်းမကရော ချောလား "

" ချောတာပေ့ါ ။ အသားဖြူဖြူ ပါးမို့မို့ ရဲရဲ ။ ကိုယ့်လုံးတောင့်တောင့်ပေ့ါဗျာ ။​ ခင်ဗျား မမHan လိုပေ့ါ"

ဦး Lice ပြောလိုက်တော့ Tiger မျက်လုံးပြူးသွား၏ ၊ သူတို့နှစ်ယောက် ဇာတ်လမ်းက တိတ်တခိုးဇာတ်လမ်း မဟုတ်ပါလား ။

" ဟာ ဟေ့လူကြီး .. ရမ်းမပြောနဲ့ ။.. ဟိုကောင်ကြားသွားလို့ ကျုပ်ပြေးပေါက် မှားနေဦးမယ် "

" ဟိုကောင်က အလကားကောင်ပါဗျာ ။ ဆန်ကုန်မြေလေးပါ။ အချစ်ဆိုတာ ဘာမှန်းမသိတဲ့ကောင် ။​မိန်းမတွေကို ကစားစရာလို သဘောထားပြီး ပစ္စည်းဥစ္စာကိုပဲ​ မက်မောတွယ်တာ တဲ့လူပါ ."

Tiger လက်ထဲ အရက်ခွက်ထည့်ပေးရင်း Li မြှောက်ထိုးပင့်ကော် လုပ်တော့ Tiger တွေဝေသွား၏ ။​ သူကလည်း မကျေနပ်နေတာ ရင်ခံနေတာလေ​။ Lisa ဆက်ပြီ ချွန်လေ၏ ။​

" မမလေး ခင်မျာ သနားစရာပါ။ ဟိုကောင် သုံးဖြုန်းနေသမျှ နောက်ကနေ အဆင်ပြေအောင် ထိန်းသိမ်း ဖုံးဖိနေရတာ ဘယ်လောက် သနားဖို့ကောင်းလဲ​​။ အဲ့ဒိအထဲ သနားစရာအကောင်းဆုံးကတော့ Tiger ပဲ "

Lover, Hater, AdversaryWhere stories live. Discover now