❤️ 19 ❤️

1.9K 184 29
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

စာအိတ်က အိတ်ပိတ်စာမို့ Lisa စာ အိတ်ကိုယူကာ Kai ကိုပေးဖို့ အပေါ်ထပ်ကို တက်လာခဲ့၏ ။  အပေါ်ထပ် ၀ရန်တာမှာ Kai နှင့် Sana ရှိနေကြသည် ။​

" ဆရာလေး... လူတစ်ယောက် စာလာပေးလို့ပါ "

" အေး.. ပေး ပေး "

Kai လျင်မြန်စွာ ဆွဲယူပြီး စာကို အမြန်ဆုံး ဖောက်ဖတ်လိုက်၏ ။

📝 Kim Kai. . . 

ငါဆီမှာ သော့ရသွားတယ် ။ Park chae နဲ့ ဆက်သွယ်ပြီး ခုည မီးခံသေတ္တာ ထပ်ဖွင့်မယ်   ပြီးရင် တို့ကတိအတိုင်း သုံးပုံ ပုံပြီး ဝေမယ် ။ နင်နဲငါ ကတော့ အတူလက်တွဲလို့ မရတော့ပါဘူး ။​ဝေစုခွဲပြီးရင် လမ်းခွဲကြတာပေ့ါ    နင်လည်း နင့်လမ်း နင်လျှောက် ငါလည်း ငါ့လမ်း ငါလျှောက်မယ်...

📝 Han Ji Min

"တောက် ... သစ္စာဖောက်မ။ ။​သင်းကို လူ့ပြည်မှာ ထားဖို့တောင် မကောင်းဘူး ။ အရှင်လတ်လတ် မီးရှို့သတ်ဖို့ပဲ ကောင်းတယ် ။​ သစ္စာဖောက်တို့ရဲ့ သွားရာလမ်းဆိုပြီး "

Kai ဒေါသတွေ အကြီးအကျယ် ပေါက်ကွဲပြီး အိမ်ပေါ်မှာ ရှိသမျှ ပန်းအိုးတွေ ပစ္စည်းတွေကို ပေါက်ခွဲနေသည်မှာ တဒဂ် ရူးသွပ်သွားသည့်နှယ် Sana ကိုပင် သတိမရနိုင်တော့ ။​

သူ့ရင်ထဲမှာ အခံရ ခက်လွန်းနေ၏ ။Han JM ကို ဖြစ်နိုင်လျှင် သူ အမှုန့်ပင် ကြိတ်ပစ်ချင်မိပါ၏ ။​ တစ်ချိန်က ချစ်သူပေမယ့် ယခုတော့ Han JM ဟာ သူ့ရန်သူစစ်စစ် ဖြစ်သွားချေပြီ ။ 

ကမ္ဘာအဆက်ဆက် မဆုံတွေ့ချင်တော့ဘူး ။ အမုန်းမီးဟာ Kai ရင်ကို တဟုန်းဟုန်း လောင်မြိုက်နေသည်မှာ တစ်ကိုယ်လုံးပင် လောင်မြိုက်တော့မတက် ။ 

သူ့အနားမှာ ရှိနေသည့် Sana ကို မေ့သွားပါသည်။  တစ်ကယ်လည်း သူ sana ကို စာရင်းထဲ ထည့်တာမဟုတ် ။​ရတနာရွှေငွေတွေ ရှိသည်ထင်လို့ လှည့်စားဖို့ ကြံနေခြင်းသာ ။

Lover, Hater, AdversaryWhere stories live. Discover now