❤️ 12 ❤️

1.5K 174 10
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

Han JM ၏ အခန်းထဲမှာ Kai  ... နောက် Sana ပါ ပါလာပြီး စောင့်နေပေးခဲ့သည် ။  Han jM မကျေနပ်ပေမယ့် Kai နှင့် Sana မှာ အားလုံးရှေ့မှာ ချစ်သူတွေမို့ သူမ နှင်ထုတ်လို့မရ ။​

ညစာအဖြစ်  ကြက်ပေါင်းရည်သောက် ၊ ဆေးသောက်ပြီး Kai အိပ်ရာပေါ် ပြန်လှဲခဲ့ပြန်သည် ။  သူရုပ် က ပြူးကြောင်ကြောင် နှင့် တုံဏှိဘာဝေ ။​ သူ့အနားမှာ Han JM နှင့် Sana တို့ စောင့်နေပေးတာကိုပင် သတိမရသည့်ပုံစံ ။​

တက​​​ယ်လည်း သူ့မျက်လုံးထဲမှာ Jennie Kim ကို tiger က သေနတ်နှင့် ဆင့်ပစ်လိုက်သဖြင့် ကားခနဲ ချောက်ထဲသို့ လွင့်ကျသွားပုံက အထင်းသား ။သူ့ ရင်ထဲမှာ နင့်သလိုလို။ နောင်တ ရသလိုလို ။​ jen ဟာ သူလို လူပေါ်ကြော့ကို အသည်းပေါက်မတက် ချစ်ခဲ့သည် မဟုတ်ပါလား ။

💭 ငါမှားသွားတယ် . ။ သူ့ကို လက်ထပ်ပြီး သူ့စည်းစိမ်တွေကို အတူခံစားတာကမှ ကောင်းဦးမယ် ၊​အခုတော့ ငါရက်စက်ကောက်ကျစ်ခဲ့လို့ င့ါအကုသိုလ်တွေက ငါ့ကို ဖိစီးနေတယ်  ၊​ Jen ဟာ င့ါကို ချစ်လွန်းလို့  မကျွတ်ဘူးထင်တယ် ။  မနေ့ညက ၀တ်ရုံဖြူကြီးနဲ့ သွေးတွေရွှဲနေတဲ့ပုံစံနဲ့ ကင့ါကို လက်ယက်ခေါ်နေတတယ်...💭

" အား.... အောင်မလေး.....သွား .....သွား....နင့်ကို ...ငါ သတ်တာ မဟုတ်ဘူး ....သွား "

ယခုပင် မျက်စိထဲမှာ အစွယ်အဖွေးသား ၊ မျက်နှာအဖွေးသား နှင့် Jennie Kim ကို မြင်ယောင်လိုက်လျှင် Kai သွေးရူးသွေးတန်း နှင့် ရုန်းကန်အော်ဟစ်လေတော့သည် ။​

" မောင်....မောင်လေး.... သတိထားလေ .... သတိထား ။​မမ တို့ ရှိတယ် ။ Sana လည်းရှိတယ် ။ ဘယ် ကောင်မ မှ မရှိဘူး ။ အဲ့ဒိ ကောင်မ သေပြီ "

" ကိုကို ..ကိုကို ....Sa လည်းရှိတယ်လေ... ကိုကို ဘာမှ မကြောက်နဲ့နော် "

Sana နှင့် HanJM တို့ ဝိုင်းပြီး ချုပ်နှောင် ဖိနှိပ်ထားတော့မှ Kai  ပျော့ခွေသွားပြီး ဆေးအရှိန်နှင့် အိပ်မောကျသွားတော့သည် ။​ HanJM နှင့် Sana လည်း အဲ့ဒိတော့မှ သက်ပြင်းချနိုင်ကြ၏ ။

" Sana... မောင်လေး အနားမှာ ခဏစောင့်ဦး ၊ မမ အပြင်ခဏထွက်ဦးမယ် ။ အိမ်မှာလည်း ဘာတွေဖြစ်နေတယ် မသိပါဘူး ။ ဘယ်သူ့မှ စိတ်ချလို့မရဘူး "

Lover, Hater, AdversaryWhere stories live. Discover now