❤️ 2 ❤️

2.4K 272 4
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

" ကံကောင်းလို့ပေ့ါ မြေးရယ် ။ ဒီကလေးက တော်တော် ကံကောင်းတယ် ။ သေနတ် ကျည်ဆန်တွေ နှစ်ချက်တောင် ၀င်နေတယ် ။ နှစ်ချက်လုံး သေကွင်းနဲ့ သီသီလေး လွဲတယ် ။ နှလုံးတွေ ၊ အသဲတွေ ၊ အဆုတ်တွေ မထိဘူး "

အဖိုး Sung မှာ အစွမ်းထက်သည့် တိုင်းရင်းဆေးဆရာကြီး တစ်ဦးပီပီ လူနာမိန်းကလေးကို အမြန်ဆုံး ကုသပေးနေပေပြီ ။

Lisa တို့၏ ရိုးရာအိမ်လေးအတွင်းမှ မီးလင်းဖိုကလည်း မိီးတွေ တောက်လျှက် ။ ဆောင်းတွင်း၏ အအေးဓါတ်ကို မီးလင်းဖိုမှ အနွေးဓါတ်ဖြင့် သူတို့ ခုခံကာကွယ်နေရသည်။​

လူနာမိန်းကလေးဘေးမှာ အဖိုးsung ။ Lisa နှင့် Jisoo တို့ အပြင် အဖိုးရဲ့ မွေးစားသမီး အဒေါ် Nam ပါ ရှိနေကြသည် ။​

လူနာမိန်းကလေးကတော့ ယခုထိ သတိပြန်လည် မလာသေးပါ ။ အဖိုး sung က နစ်၀င်နေသည့် ကျည်ဆန်များကို ခွဲထုတ်ပြီး သူ့တိုင်းရင််းဆေးတွေနှင့် အားကြိုးမာန်တက် ကုသပေးနေခြင်း ဖြစ်သည် ။​

စုတ်ပြတ်ပေကျံနေသည့် လူနာမိန်းကလေးကို အဒေါ် Name နှင့်အတူ Jisoo ၊ Lisa တို့က ကြင်နာစွာသန့်ရှင်းပေးခဲ့ကြသည်။

Lisa မှာ ကိုယ်ကယ်တင်လာခဲ့သည့် လူနာမလေးမို့ သူများထက် စိုးရိမ်စိတ်က ပို၏ ။

" အဖိုး.. ကုလို့မှ ရပါဦးမလား ။ မြေး လင်းတ တွေ ၊ ခွေးအ တွေ လက်ထဲက အတင်းကယ်လာခဲ့ရတာ အလကားများ ဖြစ်နေပြီလား "

" ကုလို့ရပါတယ်ကွ .... အဖိုး အာမခံပါတယ်​ ။​ မြေး လူနာ အကြောက်လွန်ပြီး သတိလစ်နေတာပါ ။ ဒဏ်ရာကလည်း ပြင်းတယ်။ မနက်ကျ သတိရလာမှာပါ "

မီးလင်းဖို ဘေးနားမှာ သူမကို အိပ်ရာ ပြင်ပေးထားပြီး သူတို့အားလုံးလည်း မီးလင်းဖိုနားမှာပဲ ပတ်ဝိုင်းပြီး အိပ်စောင့်နေကြသည်။ Lisa ကတော့ အိပ်ပင် မအိပ် ။ အဖိုး Sung ကလည်း လူကြီးပီပီ အအိပ်အနေ နည်းပါသည် ။​

မြေးအဖိုးနှစ်ယောက် လူနာမလေးကို တစ်ညလုံး စောင့်ကြည့်နေကြသည်။

လူနာမလေးက ချမ်းသာတဲ့ အသိုင်းအဝိုင်းကဖြစ်မည်  ။​ ၀တ်စားထားတာကအစ အကောင်းစား အဝတ်အစားများနှင့်  ။ ရုပ်ကလေးကလည်း ချောချော ။ အသက်က နှစ်ဆယ်တောင် မပြည့်သေးသည့်ပုံ ။​သို့သော် ပွန်းပဲ့ ဒဏ်ရာတွေကလည်း ပွလို့ ။​

Lover, Hater, AdversaryWhere stories live. Discover now