❤️ 8 ❤️

1.5K 208 6
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

ညနေကျတော့ Han JM နောက်မှာ လူတစ်ယောက် ပါလာခဲ့ပြန်သည် ။​နှုတ်ခမ်းမွှေးစစ ၊ အရပ်ရှည်ရှည် လူချောရုပ်ပေါက်နေသည့် လူမှာ အသားကတော့ ခပ်ဖြူဖြူ ။

" ဟင် ခေါ်လာပြန်ပြီ တစ်ယောက် ။  ဘာတွေ ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး "

မီးဖိုထဲမှ ချောင်းကြည့်ပြီး Jisoo ညည်းတွားနေစဉ် Jen ပါ အနားသို့ရောက်လာခဲ့သည်။

" ဒီ အိမ်မှာတော့ သူ့လူတွေကော ကိုယ့်လူတွေပါ ရှုပ်ယှက်ခက်နေပြီ ။ သတိသာထားပေတော့ JiJi ရေ ။ ချစ်သူ ၊​ မုန်းသူ ၊ ရန်သူ တွေနဲ့ တော်တော် ကို သတိနဲ့ နေရမယ် "

"Tiger ကလည်း JiJi ကို အမြဲချောင်းနေတယ် JenJenရယ် ။ တော်တော် စိတ််ပျက်ဖို့ကောင်းတယ် "

Jisoo အသံတိတ်လေးနှင့် ညည်းတွားနေလျှင် Jen အားပေးပြီး ချောမော့ရသည်။

" မကြောက်ပါနဲ့ JiJi ရယ် ။ အိမ်ထဲမှာ Jen လည်းရှိတယ် ။ Li လည်း ရှိတယ် ။ JiJi ဘာမှ မဖြစ်နိုင်ပါဘူး"

" JiJi ကြောက်တယ် ။ Tiger က တစ်ဇွတ်ထိုး တဇောက်ကန်း ။ ဒီကြားထဲ Han JM ကိုလည်း ပိုင်ပုံရတယ်"

" ကဲပါ JiJiရယ် ... ဘာမှ မဖြစ်စေရဘူး ။ Jen အာမခံတယ်။ ။ Li ကိုလည်း ပြောထားပါမယ် ။ သူက Tiger နဲ့ အနီးကပ်မှာ ရှိနေတာပဲ "

နှစ်ယောက်သား တီးတိုးဆွေးနွေးနေကြစဉ် Han JM မီးဖိုထဲသို့ ၀င်လာသဖြင့် အလုပ်တွေ လုပ်ပြနေကြရသည်။

" မောင် ပြန်မလာသေးဘူးလား ဖုန်းဆက်သေးလား "

" မဆက်ပါဘူး မမကြီး ။ မမကြီးဧည့်သည်ပါလာတာလား ၊ ညစာ ဘာတွေ စီမံရပါ့မလဲ​"

" ညစာက ဟင်းတွေရှိပြီးသားလေ ။​မနက်က ငါတို့မှ အိမ်မှာ မစားဘဲ ။​အခုပါလာတဲ့လူက င့ါမိတ်ဆွေ ၊​အိမ််မှာတည်းမယ်  ။ မိ Chi.. အပေါ်ထပ် အခန်းပြင်ပေးလိုက် ။ သွား ဒါက အရေးကြီး ဧည့်သည် "

Jisoo မှာ Han JM ခိုင်းသည့်အတိုင်း ဧည့်ခန်းသို့ ထွက်လာပြီး ဧည့်သည်ကို ဘုကြည့် ကြည့်လိုက်သည်။ မကောင်းဆိုးဝါးတွေရဲ့ ဧည့်သည်ဆိုတော့ မကောင်းဆိုးဝါးတစ်ကောင်ပဲပေ့ါ ။  ဧည့်သည်ကလည်း Jisoo ကို ခပ်တည်တည်နှင့် အကဲခတ်၏ ။​ မျက်လုံး ၊ မျက်ခုံး ၊ မျက်တောင် ထင်းထင်း ပါးဖောင်းဖောင်းနှင့် လူကြည့်တော့သာ နှုတ်ခမ်းမွေးစစနှင့် လူက ပိန်ပိန်ပါးပါး ဖြူဖျော့ဖျော့ ပျော့ဖတ်ဖတ်နှင့် ပျော့နွဲ့နေသည့် ယောကျာ်းလေးလိုမျိုး ။

Lover, Hater, AdversaryWhere stories live. Discover now