❤️ 20 ❤️ Ending ❤️

4.8K 229 14
                                    


ရဲအုပ် Park Chaeyoung နှင့် Jisoo တို့ စုံတွဲက အရင်လက်ထပ်ကြပြီး။ နောက် တစ်ပတ်အကြာမှာပဲ Li နဲ့ Jen တို့ လက်ထက်ဖြစ်ကြသည် ။

ယခုတော့ အဖိုးsung နှင့် အဒေါ်Nam တို့ပါ စံအိမ်ကြီးမှာ စုံလင်စွာ ရောက်ရှိနေကြပေပြီ ။ စံအိမ်ကြီးရှိဆိုင်းဘုတ်မှ နာမည်ကိုလည်း Kim Manoban Family ဟု ပြောင်းလဲတပ်ဆင်ထားပြီ ဖြစ်သည် ။

မုန်တိုင်းပြီးသွားတော့လည်း လေပြေလေညင်းက အသည်းခိုက်အောင် ကြည်နူးစဖွယ် ။

သည်နေ့ ညစာကို Jen တို့ အိမ်မှာ ညစာ စားပွဲအဖြစ် ဂုဏ်ပြုကျင်းပကြဦးမည် ။ ဂုဏ်ပြုရမည့် သူတွေကတော့ အဖိုး Sung တို့မိသားစုရယ် ။ Jen Appa ရဲ့ မိတ်ဆွေ ရဲမှူးကြီး Gong Yoo ရယ် ။ နောက် ဒုရဲအုပ်မလေး Sana Minatozaki နှင့် ရဲအုပ် Park chae ခေါ် Park Chaeyoung တို့ စုံတွဲပေ့ါ ။

" ဟော... လာကုန်ကြပြီ....လာ ..,,, အန်ကယ် "

ရဲမှူးကြီး Gong yoo ကို Jen သွားတွဲခေါ်ခဲ့ပြီး အဖိုးဘေးမှာ နေရာချထားပေးလိုက်သည် ။ အဒေါ်Nan နှင့် Jisoo ကတော့ လိုတာလုပ်ပေးဖို့ အနားမှာ ပြုံးပြုံးလေးတွေနှင့် ။

Gong Yoo က ထမင်းမစားမှီ Jen ကို အဖြစ်သနစ်တွေ ရှင်းပြနေခဲ့သည် ။

" သမီးလေး Jen .. သေပြီဆိုပြီး .. လက်ထပ်စာချုပ်ကိုပြ သမီးပစ္စည်းတွေကို အကုန်သိမ်းနေတော့ အန်ကယ်စိတ်ထဲ သံသယတွေ ၀င်လာခဲ့တယ် ။ ဒီကိစ္စ မရိုးသားဘူးလို့ ။ ဒါနဲ့ သူတို့ စည်းဝိုင်းထဲကို အန်ကယ် တပည့်နှစ်ယောက် သွင်းလိုက်တာ ။ Chae နဲ့ Sana ပေ့ါ ။ခုတော့ လူမိုက်တို့ သွားရာလမ်းပဲလေ ။ Han JM လည်းသေ ။ Kai လည်း သွက်သွက်ခါအောင်ရူးသွား ။ Tiger တို့ အဖွဲ့လည်း ထောင်ထဲမှာပဲ အသက်ကြီးပြီး ဘ၀ဆုံးမှာပါ "

Jen မှာ အန်ကယ် Gong yooကို ကျေးဇူးတင်သလို ။ chae နှင့် Sana ကိုလည်း ကျေးဇူးတင်ရပါ၏ ။

"အန်ကယ် ကျေးဇူးကြောင့် Jen နှစ်ခါပြန် မသေရတာ ။ Chae နဲ့ Sana က ဥပါယ်တံမျဉ်နဲ့ စောင့်ရှောက်ကြပေလို့ပေ့ါ ။ သေရွာပြန် သေတွင်းထွက်မလေးရဲ့ ကျေးဇူးရှင်တွေကတော့ အများကြီးပဲ ။အဲ့ဒိ ကျေးဇူးတွေကို Jen တစ်သက်လုံး ဆပ်သွားမှာပါ ။....... ။ ယောကျာ်းတစ်ယောက်ရဲ့ မာယာပရိယာယ်ကို ယုံစားမိခဲ့တဲ့ Jenရဲ့အဖြစ်က သိပ်ကို သင်ခန်းစာယူဖို့ ကောင်းပါတယ် ။ ပြန်တွေးရင် အရမ်းကြောက်မိပါတယ် အန်ကယ်ရယ် ။ သူတို့ အဖွဲ့ရဲ့ လှည့်စားကောက်ကျစ်မှုတွေက လူမဆန်လွန်းပါတယ် ။ လူ ရင့်မကြီးကို အမဲ ပစ်သလိုပစ်ပြီး ......."

Lover, Hater, AdversaryWhere stories live. Discover now