❤️ 10 ❤️

1.6K 195 16
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

Jen နှင့် Jisoo မှာ လောလောဆယ် Han JM ခိုင်းသမျှ မနားရအောင်် လုပ်နေရသည် ။ စားရတော့ မကောင်းမကန်း ။​ အပြင်က မှာ စားရအောင်လည်း အခြေအနေက မပေးချေ​။​ အဲ..... သည်နေ့တော့ Han JM စျေး၀ယ်ထွက်မည် ။​နောက်က ဆွဲခြင်းကိုင်အဖြစ် Jen ကိုခေါ်တော့ jisoo ကို သူမ တာ၀န်ပေးခဲ့ရသည် ။

" Jen သော့ထားတဲ့နေရာမှာ လူလစ်ရင် သော့သွားယူခဲ့ "

သော့ထားသည့်နေရာက မည်သူမျှ မသိနိုင်လောက်သည့်နေရာ ။​Jen ၏ အခန်းထဲမှာ အလှပန်းအိုးအဖြစ် စိုက်ပျိုးထားရှိသည့် ဂမုန်းပန်းအိုးလေးရဲ့ အတွင်းမှာ ။​

" လူ လစ်မှ လုပ်နော် ။​ မလစ်ရင် အခြေမပျက် ပြန်ထွက်ခဲ့ ။​အခန်းရှင်းသလိုလို ဘာလိုလိုနဲ့၀င် ။​ ဒီနေ့ Kai အပြင်မထွက်သေးဘူး ။​ထွက်ရင်လည်း သူက အခန်းသော့ ပိတ်ခဲ့မှာ ။  လစ်ရင် သော့ပုံစံတူ လုပ်ခဲ့ "

" ဟုတ်ကဲ့ "

Jisoo မှာ jen ခိုင်းသည့်အတိုင်း အခြေအနေတွေကို ထမင်းချက်ရင်း ။​ အလုပ်လုပ်ရင်း စောင့်ကြည့် အကဲခတ်နေရသည်။ Kai နှင့် Sana တို့ အပြင်မထွက် ။  အပေါ်ထပ် ၀ရံတာမှာပင် စကားပြောနေကြသည် ။ သူတို့နှစ်ယောက်ဟာ ချစ်သူတွေလား ။ဘယ်လိုအဆင့်လဲ​​။

Kai ဟာ နှစ်ပင်လိမ် ၊ သုံးပင်လိမ်သည့် လူရှုပ်လူပွေ ။  jisoo တို့ကတော့ စင်အောက်မှာ ပွဲကြည့်ပရိတ်သတ်တွေမို့ အားလုံးကို မြင်နေရသည်။ ထိုစဉ် အိမ်တွင်း အင်တာကွန်းမှ တဆင့် ကော်ဖီနှင့် မုန့် ယူလာခိုင်းသဖြင့် Jisoo အပေါ်ထပ်သို့ ငွေလင်ပန်းလေးနှင့် ထည့်ယူလာရသည်။ Kai နှင့် Sana ရှေ့ရှိ စားပွဲလေးမှာ ပြင်ဆင်ပေးနေစဉ် Kai မှာ Jisoo ကို အသေအချာ ကြည့်နေလေ၏။ ပြီးမှ...

" မိ Chi ... ငါ့အခန်း သွားရှင်းပေးစမ်း "

" ဟုတ်....ဟုတ်ကဲ့ရှင့် "

ရေငတ်တုန်း ရေတွင်းထဲကျ ... Jisoo ၀မ်းသာစိတ်ကို မျိုချပြီး Kai အခန်းတွင်းသို့ ၀င်သွားရသည်။ ရှုပ်ပွနေသည့် ခန်းကို ရှင်းရင်း JenJen ပြောသည့် ဂမုန်းပန်းအိုးကို မသိမသာရှာရသည်။  ရှိမှ ရှိသေးရဲ့လား ။​ရှာလို့ မတွေ့သဖြင့်  Jisoo စိတ်ပူနေရစဉ် အခန်းထဲမှာ အချိန်ကြာလို့် ကြာမှန်းပင် မသိတော့ချေ။ တံခါးပိတ်သံ ကြားလိုက်တော့ လန့်ပြီး jisoo နောက်သို့ ခုန်လှည့်မိ၏ ။

Lover, Hater, AdversaryWhere stories live. Discover now