❤️ 17 ❤️

1.6K 184 17
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

ညတွင်းချင်းပင် Chae ကိုယ့်အိမ်ကို ကားငှါးပြီး ပြန်ခဲ့သည်။  သူလက်မောင်းမှာ ဓါးထိသည့် ဒဏ်ရာက တစစ်စစ် နာကျင်လျှက် ။​ ဆောင်းတွင်းကြီးမို့ အအေး ဓါတ်ကလည်း အနာကို ပိုပြီး ကိုက်ခဲစေသလား မသိ ​။  ဒဏ်ရာကို အ၀တ်တစ်ခုဖြင့် ဖြစ်သလို စည်းခဲ့တာကြောင့် သွေးတော့ မထွက်တော့ပါ ​။ ဒါတောင် စိမ့်ချင်တုန်း ။​

" အား...ကျွတ် ,,,,ကျွတ်.....ကျွတ် "

ကားသမားလှည့်ကြည့်တော့ သူ အသံ တိတ်နေရပြန်သည် ။  အပေါ်မှ ဂျာကင်အကျီ ၀တ်လာသဖြင့် ဒဏ်ရာကို မမြင်ရ ။  မိနစ်နှစ်ဆယ်လောက်မောင်းမှ သူ့အိမ်သို့ ရောက်ရှိသွား၏ ထိုအချိန်မှာ ည တစ်နာရီ လောက်ရှိလေပြီ ။

Chae  တိုက်တံခါးကို ခပ်အုပ်အုပ်ခေါက်ပြီး နှိုးလိုက်သည် ။  အိုမားတို့ အိပ်နေမှာပေ့ါ ။​ အိုမားက နား နည်းနည်း လေး သည်မို့ ကြားပမလား မသိ​။​

သူနောက်တစ်ခေါက် ခေါက်လိုက်တော့ တံခါးပွင့်လာ၏ ။ တခါးဖွင့်ပေးသူက chichi ။

" အိုး... Park Chae Shi ... မိုးတွေ စိုလို့ပါလား "

ကားပေါ်မှာဆင်းပြီး  အိမ်သို့အ၀င် မိုးနည်းနည်းမိခဲ့သည်မို့ သူ့မှာ ချမ်းနေပေပြီ​။ ဒဏ်ရာနှင့်ပေါင်းပြီး လူက နုံးချည့်နေပေပြီ ။ ဖျားလည်း ဖျားချင်နေပါ၏ ။

" လာ...လာ ၀င် ...Chae .. ညကြီးမင်းကြီး "

" အိုမားရော...အိုမားကို နှိုးပေးပါလား Chi "

"ဘာဖြစ်လို့လဲ ... အိုမား နေမကောင်းလို့ အိပ်နေတယ်။ ....JiJi.... အဲ့ ..... မိChi ဆေးတိုက်ထားတယ် "

Jisoo မှာ ဆေးဆရာကြီး၏ မြေး ပီပီ ဆေးဝါးကုသမှုနှင့် ပတ်တီးစည်းတာတွေ ၊ ဆေးစည်းတာတွေ လုပ်ကိုင် နားလည်ပါသည် ။

Chae ၀င်ပြီး တံခါးပြန်ပိတ်လိုက်သည်။​ ပြီးမှ ဂျာကင်အကျီကို ချွတ်ပြီး ဧည့်ခန်းဆက်တီပေ့ါမှာ အပုံလိုက် ပစ်ထိုင်လိုက်၏ ။​

" အို....Chae "

Chae လက်မောင်းမှာ သွေးတို့ ယိုစိမ့်နေသဖြင့် Jisoo မက်လုံးပြူးပြီး တော်တော်စိိုးရိမ်သွား၏

Lover, Hater, AdversaryWhere stories live. Discover now