❤️ 6 ❤️

1.7K 227 19
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

"တောက် ... အခုမှ ထီပေါက်ပြီး လက်မှတ်ပျောက်နေတဲ့ ကိန်းရောက်နေတယ်။ တိုက်ခန်းတွေ ရောင်းစားဖို့ကျတော့လည်း စာချုပ်တွေ ဂရန်တွေမရှိ ။ သုံးစရာငွေကျတော့လည်း မရှိ ။ ဒီမီးခံသေတ္တာကြီးထဲမှာတော့ ရတနာတွေ ၊​ စာချုပ်တွေ ရှိမှာပဲ "


Kim-Han Family ၏ ထမင်းစားခန်းထဲမှ Kai နှင့် Han Ji-Min ။ သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ။​ကြောင်ခံတွင်းပျက် နှင့် ဆက်ရက်တောင်ပံကျိုး ။​ Kai က မင်းသားတစ်ယောက်လို နုညက်ချောမွေ့သလို Han Ji-Min ကလည်း မယ်စကြ၀ဠာတစ်ယောက်လို ကိုယ်လုံးဖြောင့်ဖြောင့် လှလှနှင့် ။ မျက်နှာကလည်း ချောတာပါပဲ ။ ကြာများများ နှင့် ကြာရုပ် ။ အသက် ၃၀ ပေမယ့် ၂၅ လောက် ထင်ရ၏ ။ အသုံးအဖြုန်းကြီးပြီး အပျော်အပါး မက်ကြတာချင်းလည်း ဆတူ ။​


တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ပေါင်းသင်းကြတာမျိုးလည်း မဟုတ်ပေမယ့် Living Together လို့ ခေါ်မလား ၊ တိတ်တိတ် ညားနေသည့် လင်မယားလို့ ခေါ်လေးမလား ။ တစ်ယောက်နှင့်တစ်ယောက်တော့ အသည်းစွဲကြတာတော့ အမှန် ။


" မောင် ကလည်း ကွာ ... အခုလည်း တိုက်ခန်းလခတွေ နည်းလား ။ တိုက်ခန်း ၉ ခန်းက ရတဲ့ငွေတင် နည်း သလား၊ ဒီ လောက််ဆိုလည်း မဆိုးပါဘူးကွယ်။ ဟိုဒင်း ... တစ်နေ့ကို ရွှေဥ တစ်ဥပေးတဲ့ ငန်းကို ရထားသလိုပေ့ါ "


" ဟာ မမ မသိပါဘူး ။​ ဒီငွေလေးနဲ့ ဘာသွားလုပ်မလဲဗျ​။ နိုက်ကလပ်တက်ဖို့ ပျော်ဖို့ ပါးဖို့ ဘယ်လောက်မလဲ​။​ ကျုပ်က ငွေအများကြီး အစုလိုက်အပုံလိုက် သုံးချင်တာ ။​ဒီလို တစ်လ ဆယ်ဂဏန်းလောက် ၀င်ငွေလေးနဲ့ လူတစ်ယောက်ကို မသတ်ဘူး ။ တစ်နေ့တစ်နေ့ ဒီအမှုကြီး ဘယ်လိုများ ပေါ်လာမလဲလို့ တထိတ်ထိတ်နေရတာနဲ့ မကာမိပါဘူးဗျာ "


" ဪ မောင်ရယ် .....ဘာတွေများတွေးပြီး စိုးရိမ်သလဲကွယ် ။ ဒိကောင်မ မှာ ဘာဆွေမျိုးသားချင်းမှ မရှိဘူးလေ​။ မမ တို့နဲ့ အတူ လုပ်ဆောင်ခဲ့တဲ့ Tiger ကိုလည်း မမ တို့ ကိုယ့်စည်းဝိုင်းထဲကို ဆွဲသွင်းထားလိုက်ပြီ ။ မမ ရဲ့ မာယာနဲ့ သင်းပါးစပ်ကို လုံး၀ပိတ်နေစေရမယ် "

Lover, Hater, AdversaryWhere stories live. Discover now