❤️ 3 ❤️

2K 283 18
                                    

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

Jennie Kim ကိုယ့်အဖြစ်ကိုယ် ပြန်မတွေးချင် ။ သည်အဖြစ်ဟာ အိမ်မက်ဆိုးကြီးပါပဲ ။​လူတွေ သူမကို အမဲလိုက်သလို လိုက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့ကြပုံက တစ်ကယ့်ကို သွေးလန့်ချောက်ချားဖွယ်။

သူပြောသလိုပဲ​ Oppa Kai တို့မောင်နှမရော သေနတ်ပစ်ခံရသလား ။​ Oppa မိဘတွေဆီသွားပြီး စုံစမ်းလျှင် ရပေမည် ။​

လောလာဆယ်တော့ ဒဏ်ရာတွေ ဗရပွကလည်း နာ ။ လူကလည်း အားမရှိသေးသဖြင့် ရှည်ရှည်ဝေးဝေး တွေးမနေနိုင်တော့ပဲ​ Jennie မီးလင်းဖိုလေး နံဘေးမှာ ပြန်လည် အိပ်ပျော်သွားခဲ့ပြန်လေသည် ။

🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺

ညနေ မိုးချုပ်တော့ Jennie တစ်ခါ နိုးလာပြန်ခဲ့သည် ။ သည် တစ်ခါတော့ သူမ နေရသည့် အခန်းကျယ်ကြီးထဲမှ မီးလင်းဖိုနံဘေးမှာ လူတွေအားလုံး စုံညီနေကြပေပြီ ။​

အသက် (၇၀) ကျော်ပေမယ့် များစွာသန်စွမ်းသေးသည့် တိုင်းရင်းဆေးဆရာကြီး အဖိုးsungကပင် အားလုံးနှင့် မိတ်ဆက်ပေး၏ ။။

" သမီး ... အဖိုးနာမည်က Sung Manoban တဲ့ ။ ဆေးဆရာကြီးတစ်ယောက်မို့ သမီးရဲ့ ဒဏ်ရာတွေကို ကုသ ကယ်တင်နိုင်ခဲ့တဲ့အတွက် ပီတိဖြစ်ရတယ် ။​ သူက အဖိုးရဲ့မြေးအကြီးလေး Lalisa Manoban ။ Seoul တက္ကသိုလ်ကနေ စီးပွါးရေးနဲ့ဘွဲ့တစ်ခုရပြီးသား ။ သူလေးကတော့ အဖိုးမြေးငယ်လေး Jisoo Manoban တဲ့ ။ သူလည်းတူတူပဲ​ ဘွဲ့ရပြီးသား ။​ သူတို့ ညီအစ်မက ၂နှစ်ကွာတယ်လေ ။ အခုတော့ ခြံအလုပ်တွေကို ဒီမြေးတွေပဲ စီမံကွပ်ကဲနေတာပေ့ါ ။ ဒါကတော့ အဖိုးရဲ့ မွေးစားသမီး Nam Manoban တဲ့ ။ မွေးစားသမီးဆိုပေယ့် တူမကို ပြန်မွေးထားတာမို့ အဘရဲ့ တူမသမီးဆိုပါတော့ ။ Lisa တို့ ညီအစ်မရဲ့ အဒေါ်ပေ့ါ ။​

ရိုးသားကြင်နာတက်တဲ့ မျက်နှာများကို ငေးကြည့်ပြီး Jennie အားရှိ ရပါသည် ။ သူတို့အားလုံးဟာ သူမရဲ့ အသက်သခင် ကျေးဇူးရှင်တွေ ။ ပြီး သူမကို ကူညီရိုင်းပင်းကြမည့် သူတွေ ။​ Jennie ကိုယ့်အဖြစ်အပျက်ကို ပြောပြရပါသည်။

" သမီး Seoul ကပါ အဖိုး ရယ် ။ ဒီ Daegu ကို သမီး ချစ်သူ မောင်နှမ နှစ်ယောက်နဲ့ လိုက်ခဲ့တာပါ။​ ဒီကျတော့ Daegu မရောက်ခင် လမ်းမှာပဲ​ ဓါးမြတိုက်ခံရပါတယ်​။ နောက် သမီးထွက်ပြေးလို့ ဓါးမြတွေက နောက်က သေနတ်နဲ့လှမ်းပစ်ကြတော့ သေနတ်မှန်ပြီး တောင်စောင်း ကားလမ်းဘေးကနေ အောက်ကိုထိုးကျရင်း သမီးလည်း သတိလစ်သွားလိုက်တာ အခုမှပဲ​ ကြည်ကြည်လင်လင် သတိရပါတော့တယ် ။​ အဖိုးတို့ မိသားစုက သမီးရဲ့ အသက်သခင် ကျေးဇူးရှင်းတွေပါပဲရှင် ။ အဖိုးတို့ ကျေးဇူးကို သမီး ဘယ်တော့မှ မမေ့ပါဘူး "

Lover, Hater, AdversaryWhere stories live. Discover now