𝚂𝙸𝙼 ..♡︎ (5)

1.3K 176 72
                                    

Unicode

" ရင်းနှီးမှုလေး အစပျိုးလာခဲ့တယ် " ~


မျက်နှာပေါ်ကျရောက်လာတဲ့ နေရောင်ခြည်နွေးနွေးကို ဂျယ်ယွန်းခံစားရလိုက်ရပြီး  လန်းဆန်းတဲ့ နံနက်ခင်းအလှကို ခံစားကြည့်ရန် လေးလံနေသော မျက်ခွံတွေအား ဖွင့်ကြည့်လိုက်သည်။


" ဘာလဲ ! ညက ဒီမှာပဲ တစ်ချိန်လုံး အိပ်ပျော်သွားခဲ့တာလား "

အိပ်ချင်မူးတူးနဲ့ ငုတ်တုတ်ထထိုင်လိုက်ပြီး သူ့ကိုယ်ပေါ်က အင်္ကျီကို မမြင်ဘူးတဲ့အတိုင်း သေချာအကဲခတ်နေသည်။

" ဒီအင်္ကျီက .... "


မဟုတ်မှလွဲရော ညက ဒီလောက်အေးနေတာ သူ့ကိုဒီဟာခြုံပေးပြီး သဘောကောင်းချင်ယောင်နေတာ ဘာသဘောပါလိမ့် ...။
ဘာပဲဖြစ်ဖြစ် သူနဲ့ထပ်တွေ့ရတော့မယ့်သူတွေမဟုတ်လို့ အင်္ကျီကို အမှိုက်ခြင်းထဲထည့်ပစ်ဖို့ လုပ်ပေမယ့်လည်း ဒီအင်္ကျီတစ်ထည်ပိုနေလို့ရော သူ့အိမ်လေးသွားမှာမှ မဟုတ်ပဲ ...။


" ဒုံဝွန်း ... ဘယ်အချိန်ကတည်းက ရောက်နေတာလဲ "

" ဒီဆန်ပြုတ်က မင်းကို ဘယ်သူဝယ်ထားပေးခဲ့တာလည်း "

" ဘယ်မှာလဲ ဆန်ပြုတ်က ..  "

" ငါလည်းဘယ်သ်ိပါ့မလဲ ဒီဟာဘယ်လိုရောက်နေမှန်းတောင် သတိမထားမိဘူး"

" နိုးလာရင် စားဖို့လို့ရေးထားတယ် ... မင်းဆီ အစားအသောက်တွေ တစ်ပတ်တခါ လာပို့ပေးနေတဲ့လူလား "

" စားလို့ရရင်ပြီးတာပဲလေကွာ ဘာကိုဂရုစိုက်နေမှာလည်း ... ငါထိုင်ပြီးရင် မထချင်လို့ ထည့်ပေးပါအုံး "


" ဘာဖြစ်လို့ ဆန်ပြုတ်သောက်မှာလည်း နေမကောင်းဘူးလား ဂျယ်ယွန်း"

" မင်းအဲ့လောက် အမေးအမြန်းထူနေတာ ငါဘယ်ချိန်စားရတော့မလဲ မြန်မြန်ထည့်ပေးပါဆိုနေ ... "


" အေးပါ ... စိတ်ပူလို့လည်း ပြောရသေးတယ် တခုခုသောက်မလား အကိုက်အခဲပျောက်ဆေးဖြစ်ဖြစ် "

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now