Unicode
" အိမ်ပြန်လမ်းလေး " ~
" ဆောင်းဟွန်းနီး "
" ဟွန် "
" ငါအိမ်မပြန်ချင်ဘူး "
" ဒါပေမယ့် ရှေ့နားဆို ကိုယ်တို့အိမ်ကို ရောက်ပြီလေ "
"ကိုယ်တို့အိမ် ... "
တကယ်တမ်းတော့ ငါက မင်းပိုင်တဲ့ ကမ္ဘာငယ်လေးကို ခဏ အလည်ရောက်လာခဲ့တဲ့သူပါ ။" ဟိုးးးနားက မီးတိုင်လေးကိုကြည့် မှိတ်တုတ် မှိတ်တုတ်နဲ့ မင်းမြင်ရလား ဆောင်းဟွန်းနီး "
" ဟင် "
" ကျွမ်းတော့မှာလား မသိဘူးကွ "
" မင်းတစ်ခုခု ဖြစ်နေတယ် မဟုတ်လား ဂျယ်ယွန်း ... "
" ဟာ မ ..မဖြစ်ပါဘူး ငါက ဒီတိုင်း ပြောစရာစကားမရှိလို့ လျှောက်ပြောနေတာ "
" အင်း ... "
" အင်း " လို့သာ ပြောလိုက်ပေမယ့်လည်း ၊
ဂျယ်ယွန်းရဲ့ စကားအသွားအလာတွေက
တစ်ချိန်လုံး သူ့ကို ညာနေတယ်လို့ပဲ ခံစားမိခဲ့တယ် ။" ဆောင်းဟွန်းနား ~ "
ဝက်ဝံလေး၏ ခေါ်သံလေးနှင့်အတူ ....
ပူနွေးသော နှလုံးသားကိုပါ ချမ်းစိမ့်စိမ့်ဖြစ်သွားသည်အထိ တိုက်ခတ်လာသော လေညှင်းလေး ။"အင်း ဂျယ်ယွန်း ကိုယ့်ကို ဘာပြောစရာရှိလို့လဲ "
" အရင်တစ်ခေါက်တုန်းက ငါမင်းနဲ့အတူ ရေတွက်ခဲ့တဲ့ လမ်းမီးတိုင်လေး ဘယ်နှစ်တိုင် ရှိမှန်း အခု မမှတ်မိတော့ဘူးကွ "
" ဒါဆို ကိုယ်တို့ အခုကစပြီး ရေတွက်ရအောင်လေ "
" အင်း အဲ့ဒါဆို အခု ငါက စပြီး တစ် ... "
" နှစ် "
" သုံး .. "
" လေး .... "
လွမ်းနေရတော့မယ်ထင်တယ်
မင်းနဲ့အတူ ရေတွက်ခဲ့တဲ့ လမ်းမီးတိုင် မှိန်မှိန်လေးတွေ ....၊
ထိုလမ်းကြားလေးထဲ စက်ဘီးတစ်စီးဖြင့်အတူ ဖြတ်သန်းလာခဲ့တဲ့ အချိန်တစ်ခုမှ ရယ်သံများဟာ ဝမ်းနည်းပူဆွေးမှုများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည့်အခါ ....

YOU ARE READING
𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗
Romanceကျွန်တော့်ရဲ့ကျောပေါ်က တက်တူးလေးက .... သေတဲ့အထိပါသွားနိုင်မယ့် တစ်ခုတည်းသောအရာလေးလေ ~ ။