𝚂𝙸𝙼 ..♡︎ (19)

1.4K 179 337
                                        

Unicode

" ကိုယ့်ရင်ထဲက အချစ်တွေကို မင်းမြင်နိုင်အောင် ကြိုးစားကြည့်ချင်တယ် .... " ~

လေနှင်ရာ ကြွေကျလာသည့်
သစ်ရွက်ခြောက်ကလေးတွေတောင် လေဒဏ်မိုးဒဏ်ကို ဘယ်လောက်ကြာအောင် ကြံ့ကြံ့ခံနိုင်မှာလည်း ....

အဲ့လိုနဲ့ ကိုယ့်အချစ်တွေကိုလည်း မင်းဘယ်လောက်ကြာအောင် မျက်ကွယ်ပြုထားနိုင်အုံးမလဲ ဆိုတာ မြေပြင်ပေါ်မှာ ကြွေကျနေခဲ့တဲ့ သစ်ရွက်လေးတွေက ကိုယ့်ကို အဖြေတစ်ခုပေးနေခဲ့တယ်.... ။

တစ်နေတော့ မင်းလည်း ကိုယ့်အချစ်တွေ
အောက္မှာ ကြွေကျနေခဲ့ရတဲ့ သစ်ရွက်ခြောက်
လေးတွေလို ဖြစ်နေမယ် ဆိုတာကိုယ်ယုံကြည်တယ် ....။

" မင်း... မင်းနဖူးမှာ ခြင်ကိုက်နေလို့ပါကွ "

" လက်နဲ့ရိုက်လိုက်ရောပေါ့ .. "

" ဟွန်းဟွန်း နာသွားမှာဆိုးလို့ကို ... "

" ဂျယ်ယွန်း ...
မင်းငါ့ကို အဲ့လိုခေါ်လိုက်တိုင်း သိပ်အသည်းယားတာပဲ ~ "

ထပ်ပြီး ထပ်ပြီး ...
မျက်လုံးတွေ မှိတ်ထားလိုက်လို့သာ နောက်တစ်နေ့ကို ကူးသွားလို့ရခဲ့ရင် အခုလိုဆောင်းဟွန်းနဲ့ နေရခက်တဲ့အခြေအနေကြီးကနေ ရုန်းထွက်နိုင်လိမ့်မယ် ထင်တယ် ။

" ခေါင်းအုံးကြီးနဲ့ မကာထားနဲ့လေ ...
အသက်ရှုကြပ်လိမ့်မယ် "

" အင်္ကျီမြန်မြန်ဝတ်ပြီးတော့ ရေခဲဘူးလေး သွားယူပေးပါအုန်း ငါကိုယ်..ကိုယ်တွေပူလာပြီကွ "

ဆောင်းဟွန်းအုံးနေကျ ဆင်စွယ်ရောင် ခေါင်းအုံးလေးကို သူမသိခင်လိုက် ခင်မှာပင် ဆွဲယူလိုက်ပြီး ထိုကောင်လေးရဲ့ မျက်နှာပေါ်မှာ ခေါင်းအုံးလေး ကွယ်ထားရင်း ချက်ချင်းကြီး ကိုယ်ပူပါတယ်ဟု ပြောလာတယ်။

" အင့် ... နေပါအုန်း ကိုယ်ပူတာနဲ့ ရေခဲဘူးနဲ့ ဘာဆိုင်လို့လဲ "

" ငါ့ပါးတွေပူလာလို့ ငါဖျားနေပြီထင်တယ် ဆောင်းဟွန်း စမ်းကြည့်ပါအုန်းကွာ "

" အဲ့ဒါကိုယ်ပူတာ မဟုတ်ဘူး ဂျယ်ယွန်း "

" အဲ့ဒါဆို ဘာဖြစ်တာလဲ ... "

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Où les histoires vivent. Découvrez maintenant