𝚂𝙸𝙼 ..♡︎ (27)

1.1K 135 147
                                    

Unicode

" အကြောင်းပြချက္မရှိ တောင်းပန်လာခဲ့
တယ် "~


" အသက်တစ်နှစ်ကြီးလာပြီဖြစ်တဲ့ ကိုယ့်ရဲ့ကလေးလေး ...."


ညက နှစ်နှစ်ခြိုက်အိပ်ပျော်နေခဲ့တယ်မဟုတ်လား ...
မင်းနှစ်သက်တဲ့ အနွေးထွေးဆုံး ကိုယ့်ရဲ့ရင်ခွင်တစ်ခုမှာ ။

" မင်းဘာလုပ်နေတာလဲ "

" ဒီညနေပြန်မှာမို့လို့ သိမ်းစရာရှိတာ သိမ်းနေတာလေ ဂျယ်ယွန်းရဲ့ "

" ထမင်းရော စားပြီးပြီလား ... "


" မစားရသေးဘူး ဂျယ်ယွန်းနဲ့အတူစားချင်လို့ ဒါတွေသိမ်းရင်း စောင့်နေတာ "

" ဆောင်းဟွန်းနား ~ "


" ဟွန် ~ "

" ငါဆက်နေချင်သေးတယ် ... ဟိုကို ပြန်ရောက်သွားရင် မင်း "

" ကိုယ့်အမေကို စိတ်ပူနေတာလား ...
အဲ့ဒါအတွက် ဂျယ်ယွန်းစိတ်ထဲမှာ အများကြီးတွေးပူမနေလည်းဖြစ်ပါတယ် "

" ဘာပဲဖြစ်ဖြစ် မင်းနဲ့အခုလို နှစ်ယောက်ထဲ ရှိနေရတဲ့ အချိန်လေးကို ငါသဘောကျတယ်"


" ထမင်းစားရအောင်လေ ..
နောက်ပြီး ကိုယ်တို့မပြန်ခင် မင်းကိုခေါ်သွားချင်တဲ့ နေရာလေး ရှိတယ် ဂျယ်ယွန်းရဲ့  "


ဆောင်းဟွန်းက သူ့စကားတွေကို
ဘယ်အချိန်ကစပြီး မသိကျိုးကျွန် ပြုနေခဲ့တာလည်း ...
တစ်ရက်လောက်လေး ထပ်ပြီး အတူရှိနေချင်တာကို ဟင်အင်း လို့လည်း မငြင်းဘဲ မသိသလိုနေနိုင်တာကို စိတ်မကောင်းဖြစ်မိတယ်။


" မင်းမျက်နှာလည်း မကောင်းပါလား "

" ပြော .. မင်းငါ့ကိုသေချာပြောပြကြည့်စမ်းပါ "

" ဘာကို ပြော ... "


" မင်းကြောင့် ငါအရမ်းပင်ပန်းနေပြီဆိုတာ ..
မင်းငါ့ကို တိုက်ရိုက်ပြောလို့ရတယ် "

" အင်း ... ပင်ပန်းတယ် ဂျယ်ယွန်းက ကိုယ့်ကို မယုံကြည်လို့ ကိုယ်တကယ် ပင်ပန်းတယ်"

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now