Unicode
" မင်းရဲ့လက်ဖဝါးနုနုလေးတွေက သိပ်ကိုနွေးထွေးလွန်းတယ် " ~
နှာခေါင်းလေးပေါ် ကျရောက်လာသည့်
ခပ်နွေးနွေးအထိအတွေ့တစ်ခုဟာ သူ့အဖို့ ပို၍ပင် ရင်ခုန်စရာကောင်းနေခဲ့သည် ။
ဝန်ခံပြီးမှ အပြန်တစ်လမ်းလုံး စကားတစ်ခွန်းမျှမပြောရဲ ...
ဆောင်းဟွန်းကိုလည်း မကြည့်ရဲသဖြင့် ခေါင်းလေးကိုသာ အောက်စိုက်ထားခဲ့သည် ။လူတွေတိုးကြိတ်ပြီး တက်လာကြတော့ လက်တန်းတွေကိုကိုင်ထားရင်း မတ်တပ်
ရပ်စီးနေသည့် သူ့အနားသို့ ထိုကောင်လေး တဖြည်းဖြည်းရောက်လာတော့မှ ဆောင်းဟွန်း အောက်ကိုသာတစ်ချိန်လုံး ငုံ့ထားသည့် မျက္နှာလေးအား အတင်းလိုက်ကြည့်ရတော့သည် ။
" ဘာဖြစ်လို့လဲ ဂျယ်ယွန်း ~ "
" ကိုယ့်ဟာကိုယ်နေလို့မရဘူးလားကွ ... "
ကျွန်တော့်အတွက်တော့ ထိုကောင်လေးထံမှ
ချစ်တယ်ဆိုသည့် စကားလေးတစ်ခွန်းကြားခွင့်ရရုံနှင့် နူးညံ့လာမယ့် ဆက်ဆံရေးတွေရှိလာမှာ မဟုတ်မှန်း ကြိုပြီးသိနေခဲ့တယ်လေ ...အဲ့တုန်းက ကြားခဲ့ရတဲ့စကားလေးတစ်ခွန်းက သိပ်မှန်တယ် ...
" ပိုချစ်မိတဲ့လူတိုင်းဟာ အမြဲ ထိုလူရဲ့လွှမ်းမိုးမှုအောက္မှာ ရှုံးနိမ့်နေတတ်တယ်တဲ့"~
မည်သည့်အရာကိုမှ လွယ်လွယ်နဲ့အလျော့ပေးခြင်းမရှိ၊အရှုံးပေးခြင်းမရှိခဲ့သော်ငြားလည်း ဤလူသားလေးနှင့်ပတ်သက်သည့် အရာအားလုံးကိုတော့ ကျေနပ်စွာ အရှုံးပေးရင်းဘဝတစ်လျှောက် လုံး အရှုံးဆိုသည့် အရာကို အလှဆုံးသော အပြုံးလေးတွေဖြင့်သာ ရှေ့ဆက်ခွင့်ရချင်တယ် .... ။
ဆောင်းဟွန်းနီးနဲ့တော့ဒုက္ခပါပဲကွာ ...
မင်းအဲ့လိုအနားကပ်လာရင် ငါ့ရင်တွေအရမ်းခုန်လာတာ ...
အကယ်လို့ နှလုံးရပ်သွားရင် ဘယ်လိုလုပ်မလဲ ။ဘေးတစောင်းလေး ကြည့်နေရတာတောင် မင်းရဲ့ထင်ရှားလွန်းတဲ့ မေးရိုးလေး တစ်လျှောက်ဟာ အင်မတန်မှ ဆွဲဆောင်မှုရှိလွန်းပြီး နေဝင်ခါနီးအချိန်လေး ကျရောက်ဖို့ မလိုခင် အခိုက်အတန့်လေးအတွင်း မှည့်နက်လေးတွေ တည်ရှိရာ နှာခေါင်းချွန်ချွန်လေးတွေအပေါ်သို့ ရိပ်ခနဲဖြတ်ပြေးသွားတဲ့ နေရောင်ခြည်နုနုလေးနှင့်အတူ မြတ်နိုးရသော လူသားလေးတစ်ဦး ....
YOU ARE READING
𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗
Romanceကျွန်တော့်ရဲ့ကျောပေါ်က တက်တူးလေးက .... သေတဲ့အထိပါသွားနိုင်မယ့် တစ်ခုတည်းသောအရာလေးလေ ~ ။