𝚂𝙸𝙼 ..♡︎ (26)

1.1K 133 184
                                    

Unicode

" ချိုမြိန်သော အနမ်း ~ "

နေ့တစ်နေ့ကုန်ဆုံးသွားပြီးတိုင်း မှင်ဖြင့် စာရွက်ပေါ်တွင် ချရေးကာမှ ထိုလူနှင့်ရှိခဲ့သည့် အမှတ် တရများစွာကို မှတ်သားနိုင်တာမဟုတ်ပဲ ဘယ် တော့မှ ဖျောက်ဖျက်လို့ မရနိုင်တဲ့ မှတ်ဉာဏ်တွေကတစ်ဆင့် နှလုံးသားထဲ အရောက်ပို့ပေးခဲ့တယ် .....

မင်းနဲ့အတူရှိနေခဲ့တဲ့ အချိန်တိုင်းက အမှတ်တရတစ်ခုချင်းဆီကိုလေ ~

မင်းက ကြည့်ကောင်းလိုက်တာ ဆောင်းဟွန်း ...

မင်းမသိတဲ့အချိန်တွေမှာ ခိုးကြည့်ရတာက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတယ် ။

" ငါကြိုးစားမှာပါ မင်းအမေဆီက အမှတ်တွေရအောင် အဲ့ဒါကြောင့် ဘာ​မှ မစိုးရိမ်နဲ့ ....

" ငါက ဘယ်သူမို့လို့လဲကွ ...
ရှင်းဂျယ်ယွန်းပါ ရှင်းဂျယ်ယွန်း "

ထိုသို့ပြောပြီးသည်နှင့် နဖူးပြင်လေးအား မထိတထိနမ်းလိုက်ရင်း ....

" မင်းက ငါ့အပိုင်ပဲ ~ "

အင်း ....ကိုယ်က မင်းအပိုင် ။

ထိုကောင်လေး၏ နူးညံစွာ ပေးအပ်လာသော
အနမ်းတွေအောက် ကိုယ်အပူရှိန်များပင် တရှိန်ထိုး မြင့်တက်လာခဲ့ပြီး အမြဲလိုလို နိုးနိုး ကြားကြား အိပ်စက်တတ်ခြင်းက လူနှစ်ယောက်ကြားမှ တိတ်တဆိတ်အနမ်းတွေအား ကြာကြာ လျှို့ဝှက္မထားနိုင်ခြင်းမရှိခဲ့ ..... ။

" ဆောနူး "

"အာ hyung ... မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လားဗျ "

" အမှန်တိုင်းပြောရရင် အိပ်မပျော်ဘူး ဟီး "

ဟိုးအရင်က သူလာရင် မကြိုက်ချင်သလို.. 
အခုကျတော့လည်း သူ့နားကပ်ပြီး မချိုမချဥ်အပြုံးလေးနဲ့ ခပ်တိုးတိုးဆိုလာသော စကားလေးက ထင်ထားတာထက်ကို အခြေအနေကောင်းလာပြီဆိုတဲ့သဘောပဲ မဟုတ်လား။

" ဒီမှာ အေးအေးဆေးဆေးနေလို့ရပါတယ် hyung ရဲ့ လိုအပ်တာရှိရင်လည်း ကျနော့်ကိုလာပြောလို့ရပါတယ် ..  "

" ........ "

" hyung ! "

" ဟင် ဘာပြောလိုက်တာလဲ ဆော.. ဆောနူး"

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now