𝚂𝙸𝙼 ..♡︎ (32) Final ~

2.5K 167 116
                                    

Unicode

" ပုံပြင်လေးထဲက အတိုင်း ပျောက်ကွယ်သွားခဲ့တယ် " ~

ပြတင်းပေါက်နားရှိ ခိုနားနေသော ငှက်ငယ်ကလေးတွေ၏ အော်မြည်သံမှာ တသဲ့သဲ့ ...
ပျံ့လွင့်နေသော လိုက်ကာလေးမှ တိုးဝင်လာသော နေရောင်ခြည်​နွေးနွေးမှာ မျက်ခွံလေးတွေပေါ်လို့ လင်းခနဲ ကျရောက်လာခဲ့သည့်
နွေဦး၏ အစ နံနက်ခင်းလေးတွင် ရင်ခွင်ထဲရှိ ကလေးငယ်လေးတစ်ဦးမရှိပဲ သူတစ်ယောက်ထဲသာ နိုးထလာခဲ့ခြင်းပင် ... ။

မနက်တိုင်း သူ့ထက်နောက်ကျသည်
အထိ အိပ်ပျော်နေတတ်သော ကောင်လေးတစ်ယောက်၏ နေရာလေးတွင် လစ်လပ်နေ၍ Polaroid camera လေးတစ်လုံးနှင့် ထိုနေ့ကသူနဲ့ အတူ ရိုက်ထားခဲ့သော ဟန်မြစ်ဘေးက ဓာတ်ပုံလေးကိုသာ မြင်တွေ့ခဲ့ရပြီး ....

" ဆောင်းဟွန်းနီး "

" အင်း ​"

" လူတွေက ဘယ်လိုခွဲခွာခြင်းမျိုးပဲဖြစ်ဖြစ် တစ်နေ့မှာ ခွဲခွာကြရတော့မယ်ဆိုရင် နောက် ဆုံးအနေနဲ့ သူတို့ ဘာလုပ်ကြလဲ "

အဲ့နေ့က ကျွန်တော်ဖြေခဲ့မိတယ် ...
အဲ့လူနဲ့ပဲ တစ်နေ့လုံး အတူရှိနေပြီး အချိန်တွေကုန်ဆုံးပါ့မယ်လို့လေ ။

" ငါ .. ငါ​ မင်းကို ပြောစရာရှိတယ်
ဆောင်းဟွန်းနီး "

" အင်း ပြောလေ "

" မနက်ဖြန် မင်းအားလား "

" အားပါတယ်  ...
ဂျယ်ယွန်းဘယ်သွားချင်လို့လဲ "

" ဒါဆို ဟန်မြစ်ဘေးမှာ ငါးသွားမျှားရအောင်လေ ... "

" နောက်ပြီး စက်ဘီးလည်း အတူတူ အကြာကြီး စီးမယ် "

" အိုက်ခရင်လည်း အများကြီး ဝယ်စားအုံးမှဘဲကွ "

မင်းသာ ကိုယ့်ကို ထားသွားမယ်မှန်း သိခဲ့ရင် ...
ကိုယ် အဲ့နေရာကို ဘယ်တော့မှ လိုက်ပို့ပေးခဲ့မှာ မဟုတ်ဘူး ။

" ဆောင်းဟွန်းနီး ဒီကိုကြည့် ~ "

" ချလပ် "

" ဂျယ်ယွန်း .. ဘာ ..ဘာလုပ်လိုက်တာလဲ "

" ဓာတ်ပုံရိုက်လိုက်တာလေ ဟီး "

အဲ့တုန်းထဲက ကိုယ်သိခဲ့ရမှာ ...
မင်းရဲ့ချိုသာတဲ့ အပြုံးတွေနောက္မှာ ခွဲခွာခြင်း
ဆိုတဲ့ သဘောတရား ကပ်ပါလာခဲ့တာကို ~

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now