𝚂𝙸𝙼 ..♡︎ (24)

1.2K 146 278
                                    

Unicode

" မင်းပေးတဲ့ ကိုက်ရာလေး " ~

ခေါင်းတစ်ခုလုံး ထုံကျဥ်ကိုက်ခဲစွာ မူးနောက်နောက်နှင့် မျက်လုံးတွေအား ဖြေးဖြေးချင်း အားယူ ဖွင့်ကာ လူတစ်ယောက်၏ ရင်ခွင်ထဲ၌
ဂျယ်ယွန်း နိုးထလာခဲ့သည် ။

ထိုလူနှင့် အတူ နံနက်ခင်းတိုင်းမှာ အတူတူ
နိုးထချင်ခဲ့ပြီး နောက်ဆုံးထွက်သက်အထိပါ အတူရှိသွားချင်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေခဲ့သည်ကို အရင်ကတော့ နေ့ရက်တွေနဲ့ ၊နောက်တော့ နာရီတွေနဲ့ ၊ ယခုအခါ၌ပင် စက္ကန့်ပိုင်းလောက်တိုးလာသည့် အချိန်တွေနှင့် အမျှ
သိလာခဲ့တယ် ....

ထိုလူသားလေး မရှိရင် မဖြစ်ဘူးဆိုတာကိုလေ ...

သူ့ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးစွာ ပွေ့ဖက်ထားသော မှည့်နက်လေးတွေရဲ့ပိုင်ရှင် ...
တစ်နည်းအားဖြင့်ပြောရရင် မိုးပေါ်က ဆင်းသက်လာသည့် နတ်သားလေးအလား ။

" ပြည့်စုံခြင်း " ဆိုတဲ့ အနက်အဓိပ္ပါယ်ဟာ
ဤလူသားလေးကို ကြည့်နေရင်းမှ တ​ဖြေးဖြေး သဘောပေါက်လာတာမျိုး ။

နောင်တရမိတယ် ...
ဘာလို့ ငါက အရင်မချစ်ခဲ့တာလဲလို့ တွေးမိတိုင်း။

ဒီနေ့မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်ကို ချီးမွမ်းခန်း ဖွင့်ဆို၍ မကုန်နိုင်ခဲ့သော လူသားလေးတစ်ဦး ...

ရင်ဘတ်ပေါ်သို့ တင်ထားသော သူ့ရဲ့
လက်လေးတွေ၌ အပေါ်ကနေ ဖွဖွလေး ဆုပ်ကိုင်ထားသည့် သွေးကြောနုနုလေးများ ဖြစ်တည်ရာ ဖြူဖွေးဖွေး လက်ကလေးမှာ ကိုက်ရာ အကြီးကြီး တစ်ခုကြောင့် သွေးလေးများပင် စို့တို့တို့ ....

ဘယ်သူ​​ကများ ကိုက်လိုက်တာလဲဟု ခေါင်းထဲကနေ မနည်းညှစ်ထုတ်၍ စဥ်းစားသော်လည်း
သူကိုယ်တိုင်ကလွဲပြီး ဆောင်းဟွန်းအနားမှာ မည်သူမှရှိမနေခဲ့ ။

" ဒီနေ့ စောစော နိုးနေတာလား ~ "

" ဟင် ..
အင်း စောစောနိုးတယ် "

" ဒါဆို မျက်နှာအရင် သွားသစ်ထား ကိုယ် မနက်စာလေး ပြင်လိုက်အုံးမယ် "

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now