𝚂𝙸𝙼 ..♡︎ (20)

1.5K 181 303
                                    

Unicode

" အချစ်ကြောင့် ပြောင်းလဲလာခဲ့တယ် " ~

ပုံမှန်ထက် သဘာဝမကျစွာ စောနိုးနေခဲ့သည့် တစ်မနက်တာလေးဟာဖြင့် ပြတင်းပေါက်တံခါးလေးကို အသာဖွင့်ကြည့်ရင်း ဘာကြောင့်များ ဒီလောက်သာယာလှပနေတာလိမ့်ဟု စိတ်ထဲ၌ ကြိမ်ဖန်များစွာ ရေရွတ်နေမိသည် ။


နေ့စဥ်မြင်တွေ့နေရသည့်
ပတ်ဝန်းကျင်ဟာ အချစ်နဲ့တွေ့သွားတဲ့ ကောင်လေးတစ်ယောက်အတွက်တော့ သာမန်နေ့ရက်တွေထက် ပို၍ ထူးခြားနေမိမှာ အမှန်ပင် .... ။


ရေပန်းက တစ်ဆင့် ခန္ဓာကိုယ်ပေါ်သို့ ကျလာသည့် ရေစက်လေးတွေအား ထိတွေ့ရင်း တစ်ချက် တစ်ချက် ထိုလူနှင့်တွေ့ရမည်ဟု တွေးလိုက်တိုင်း ခုန်မြည်လာတဲ့ နှလုံးခုန်သံလေးကို ရေစက်လေးတွေအောက်က နူးညံ့တဲ့ အပြုံးလေးတစ်ခုဖြင့် သက်သေပြနေခဲ့တယ်။


ငါတစ်ချိန်လုံး မင်းအကြောင်းပဲတွေးနေမိတယ် ဆောင်းဟွန်း ။

ထိုလူဟာ သူ့ရဲ့နှလုံးသားတစ်ခုထဲကိုကိုင်လှုပ်စေခဲ့တာမဟုတ်ပဲ သူဘဝတစ်ခုလုံးကိုပါ ယိမ်းယိုင်စေခဲ့ပြီး ထိုလူနှင့်သာ သူ့ရဲ့နေ့ရက်တိုင်းကို အတူဖြတ်သန်းချင်နေမိခြင်းဖြစ်သည် ။


ရေချိုးပြီးတာနှင့် သဘက်အဖြူလေးတစ်ထည်ပတ်ကာ အပြင်ထွက်လာသည့် ကောင်လေးတစ်ယောက်ဆီသို့ မက္ဆေ့ချ်လေးတစ်စောင်ဝင်လာခဲ့သည်။

မျှော်နေတဲ့လူတစ်ယောက်ဆီကများလားလို့
ဂျယ်ယွန်း အားရဝမ်းသာ ဖုန်းလေးကောက်ကိုင်ပြီး ဖတ်ကြည့်တော့ ဒုံဝွန်းက သူ့အိမ်ရှေ့ရောက်နေတဲ့ အကြောင်း စာပို့ထားတာ ဖြစ်နေတယ် ။


ပြောတော့လည်း ငါနဲ့အတူရအောင်လိုက်ထိုင်ပါမယ်ဆိုပြီး အခုကျတော့ ကြည့်ပါအုံး မက္ဆေ့ချ်လေး တစ်စောင်တောင်မပို့ဘူး ။
အဲ့ဒါတွေကြောင့် မင်းကို စိတ်တိုတာကွ ....


သူကားပေါ်ရောက်တဲ့အထိ ဆောင်းဟွန်းရဲ့ အရိပ်အယောင်ကို ဖမ်းယူလို့တောင်မရခဲ့ပေ ...။ သူတို့အခန်းနဲ့ပေါင်းမှ အားလုံးပေါင်း ကားသုံးစီးသာ ပြင်ဆင်ထားပြီး ဆောင်းဟွန်းစီးရမည့် ကားထဲသို့တက်သွားသည့်လူတွေလည်း သေချာလိုက်စစ်ကြည့်ခဲ့ပေမယ့် ဆောင်းဟွန်းနှင့်တူသည့် အရိပ်အယောင်ကို နည်းနည်းမှမတွေ့ ။

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now