𝚂𝙸𝙼 ..♡︎ (28)

1K 121 153
                                    

Unicode

ကျောပြင်လေးတွေအား နောက်က လှမ်းကြည့်ရင်တောင် ...
လူသားလေးနှစ်ဦးရဲ့စိတ်ထဲတွင် ထွေးပွေ့ထားချင်ဖွယ်ရာ ကောင်းနေခဲ့၏ ။

အသက်ရှင်နေသရွေ့
ဘယ်အရာမှမတည်မြဲဘူးဆိုပေမယ့် ...
အချင်းချင်း နားလည်ပေးကြရင်း ဘဝတစ်လျှောက်လုံး နောင်တမရဘဲ ဖြတ်သန်းချင်မိတယ် ။


မြတ်နိုးရတဲ့ ကောင်ငယ်လေးတွေနှင့်အတူပေါ့ ~

" အွန်းး ဂျယ်ယွန်းအတွက် .. "

" မင်းကရော ~ "

" မင်းစားပြီး ကျန်မှ စားမယ်လေ "

" အဲ့ဒါဆို ငါဘာမှမကျန်အောင်စားပစ်မှာပေါ့ကွ"

" သဘောပါဗျာ "

တကယ်တမ်း အပြောနှင့် လက်တွေ့၌ တစ်ခြားဆီပင် ...
သူက လူတိုင်းအမြင်မှာ လူဆိုးလေးတစ်ယောက်ဖြစ်ရင် ဖြစ်နေခဲ့မယ်။သို့ပေမယ့် တစ်စုံ တစ်ယောက်အတွက်တော့ တစ်ခြားသူတွေ မမြင်နိုင်တဲ့ ဂရုစိုက္မှုတွေကိုသာ တိုး တိုးတိတ်တိတ်လေး ပေးအပ်နေခဲ့ခြင်းဖြစ်သည် ။

" ငါမေ့နေတာကွ ...
နှုတ်ခမ်းမှာရော လျှာတွေမှာပါ အပူဖုတွေပေါက်နေတာမို့ စားလို့မရဘူး "

" အင့် မင်းပဲ စားလိုက်တော့ "

" ........ "

" ဘာကြောင်ကြည့်နေကြတာလဲ 
မင်းမစားရင် ငါစားပေးရမလား ဆောင်းဟွန်း"

" ရပါတယ် Jay .. "

" သိမ်းထားတာပေါ့ ဂျယ်ယွန်း ~
မင်းအပူဖုလေးတွေသက်သာတဲ့တစ်နေ့ကျမှ စားလိုက်လည်း ဖြစ်တယ်မှတ်လား  "

" ဘာလဲ မင်းတို့နှစ်ယောက်က အချစ်စမ်းနေကြတာလား "

" hyung ! "

" ဂျောင်ဝန်းက ကလေးလေးလားကွာ "

အင်္ကျီလက်ရှည်အဖြူရောင်လေးအပေါ်မှာ
မှ ဆွယ်တာ အစိမ်းနုလေး တစ်ထပ်ဖြင့် ယူနီ ဖောင်းလေးဝတ်ဆင်ထားသည်မှာ ချစ်ဖို့ကောင်းလွန်းနေ၍ မျက်လုံးထဲ ကြောင်ပေါက်လေးကို မြင်နေသလိုလို .....

" ရေခဲမုန့်စားတာ အဲ့လောက်ပေကျံနေဖို့မှ
မလိုတာ ဘာလဲ ကိုယ့်ကို သုတ်ပေးအောင် သက်သက် ... "

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now