𝚂𝙸𝙼 ..♡︎ (17)

1.3K 178 380
                                    

Unicode


" နေရာတိုင်းမှာ ထိုလူရဲ့
ပုံရိပ်တွေ ထင်ဟပ်လာခဲ့တယ် .... " ~

" ကျေပြီ " ဒီအဓိပ္ပါယ်က ကလေးတွေ ကစားနေသလိုမဟုတ်တာကိုရော မင်းသိပါ့မလား .... ။


တကယ်တမ်းရှက်ရမယ့်သူက
မင်းဖြစ်နေရမှာကို ကိုယ်က မင်းနမ်းသွားတဲ့ပါးလေး ကိုပဲ တကိုင်ကိုင်ဖြစ်နေခဲ့ပြီး ပြန်တွေးလိုက်တိုင်း ရင်တွေခုန်လာရတယ် ဝက်ဝံလေးရယ် .... ။

အခန်းထောင့်နားမှာ ထောင်ထားတဲ့
ကျွန်တော့်ရဲ့ ဂစ်တာလေးက ...
အခုဆို အရင်လို အထီးကျန်နေမှုကို အများကြီး ခံစားနေရမှာ မဟုတ်တော့ဘူးလေ ...။


သူနဲ့အတူ ဘေးမှာ ထောင်ထားတဲ့ ဂစ်တာလေးရဲ့ ပိုင်ရှင်ကလည်း ကျွန်တော့်အနားမှာ ရှိနေခဲ့ပြီ .... ။

ဂစ်တာ တစ်လုံးမှာတောင်
သူ့ကို အသံမြည်အောင် တီးခတ်ဖို့ရာ ကြိုးမျှင်လေးတွေ မပါလာခဲ့ရင် ဘယ်လိုမှ အသံမြည်အောင် တီးခတ်လို့မရနိုင်သလို ကျွန်တော့်ဘဝမှာ သူမရှိရင်လည်း ရင်ထဲက သူ့အတွက် သံစဥ်တစ်ချ်ို့ကို ဘယ်လိုများ တီးခတ်နိုင်မှာလဲ .....။


ကျွန်တော်က ဂစ်တာလေးဆိုရင် .... 
သူက ကျွန်တော့်အတွက်မရှိမဖြစ်လိုအပ်တဲ့ ငွေရောင်ကြိုးမျှင်လေး ....။


" ဂျယ်ယွန်း ~ "

" .......... "

" မင်းအိပ်သွားပြီလား "


ရေချိုးခန်းထဲမှာ ရှိနေခဲ့တဲ့ အချိန်ကလည်း ဘယ်လောက်မှမကြာပေမယ့် သူအခန်းထဲရောက်လာတော့ ချက်ချင်းကြီး အိပ်ပျော်သွားတဲ့ ကောင်လေး​တစ်ယောက်ကို တွေ့လိုက်ရသည် ။ 


တစ်ကိုယ်လုံး အသက်ရှုမကြပ်ကြပ်အောင် စောင်ခြုံထားတာမို့လို့ ဆောင်းဟွန်းစောင်လေးကို အသာအောက်ဆွဲချကြည့်တော့ ချက်ချင်း ပြန်ဆွဲတင်တယ် ။

" အိပ်ချင်ယောင်ဆောင်နေရင်
ထမင်းတွေ အကုန်စားပစ်လိုက်ရမလား "

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now