𝚂𝙸𝙼 ..♡︎ (8)

1.2K 166 81
                                    

Unicode

" မထင်မှတ်ထားတာ တွေ ဖြစ်လာခဲ့တယ် ... " ~

ကျောင်းပိတ်ရက်အတွက်
သူ့ရဲ့တစ်နေ့တာ စီမံကိန်းက လုပ်စရာရှိတာလုပ်ပြီး ကောင်းကောင်းအနားယူနေဖို့ပါဘဲ ....။
ဒီလို ရုပ်ရှင်ရုံမှာ ပေါက်ပေါက်နဲ့ အအေးဝယ်ပြီး ထိုင်စောင့်နေရမယ်လို့ သူဘယ်တုန်းကမှ စဥ်းစားခဲ့မိတာ မဟုတ်ဘူး
ဒါတွေ ဖြစ်လာရတဲ့ အဓိက တရားခံက ညစ်ပတ်တဲ့ ဝက်ဝံလေး​​ကြောင့်ပင် ~ ။

နေ့လည် ၁၂နာရီလောက်ထဲက သူသာအရင်ဆုံးရောက်နှင့်နေခဲ့ပြီး လေးယောက်စာအတွက် လက်မှတ်ပါ ကြိုတင်ဝယ်နှင့်ပြီးသား ဖြစ်သည်။

လေးယောက်ဆိုတာ ...
သူရယ်
Jay ရယ်
ဆိုးဂျင်ရယ်
စတော်ဘယ်ရီ အအေးတွေနေ့တိုင်းဝယ်လာတဲ့ ဝက်ဝံလေးရယ် ...။

ဆိုးဂျင်က မကြိုက်ဘူး​ပြောပြီး ငြင်းမယ်လို့ ဆ်ိုပေမယ့် ဝက်ဝံလေး စိတ်မကောင်းဖြစ်သွားမှာကို မလိုလားတာနဲ့ နေ့တိုင်းလိုလို စတော်ဘယ်ရီ အအေးနဲ့သာ နှစ်ပါးသွားနေခဲ့ရသည်။

" ရောက်ပြီလား " 

"အေး ဒါနဲ့ မင်းဘယ်အချိန်ထဲက ရောက်နေတာလဲ တစ်ခြားဘယ်သူ့ကိုမှလဲ မတွေ့ပါလား "

"အင်း ငါတစ်ယောက်ထဲ အရင်ရောက်နှင့်နေတာ ... "

" အော် ပြောရင်း ဆိုရင်း ဟိုမှာ လာပါပြီ "


လာပါပြီ ဆိုတော့ သူ့စိတ်ထဲ ဆိုးဂျင်များလားလို့ နောက်ကို လှည့်ကြည့်လိုက်ပေမယ့် ...
အပြာရောင်လက်ရှည်အင်္ကျီပြောင်လေးကိုမှ အောက်က ဂျင်းလေးနဲ့ ရိုးရှင်းစွာ ဝတ်စားထားတဲ့ကောင်လေးတစ်ယောက် ...
အင်္ကျီပေါ်မှာ ရှိတာဆိုလို့ တစ်ခုတည်း ထင်းနေတာဖြစ်တဲ့ ဝက်ဝံရုပ်လေး ....။

အပြာရောင် ဆိုတဲ့ သဘောက
အေးချမ်းတယ် ...
တစ်ချိန်လုံးရန်ဖြစ်နေတာမဟုတ်ပဲ အဲ့လိုအပူအပင် ကင်းစင်တဲ့ မင်းရဲ့ ပုံစံလေးကို မြင်ဖူးချင်ခဲ့တာ ။

" ဆိုးဂျင် မရောက်သေးဘူးလား "

" မရောက်သေးဘူး ! .. ခဏ ငါဖုန်းလာလို့"

သူအထဲကို ရောက်သွားတဲ့အချိန် လူတွေအားလုံးရဲ့ အမြင်အာရုံထဲမှာ သူကသာမန်အတိုင်းဖြစ်နေခဲ့လို့ သက်သောင့်သက်သာဖြစ်စေခဲ့သည်မှာ အမှန်ပင် ။
ကျောင်းမှာလို သူ့ကို ရန်လိုက်စမယ့်သူလည်း မရှိ၊လှောင်​​ပြောင်ကဲ့ရဲ့ မယ့်သူတွေလည်း မရှိတာကြောင့် ဂျယ်ယွန်း ဒီအခြေအနေလေးကို သဘောကျနေခဲ့မိတယ် ။

𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗Where stories live. Discover now