Unicode
" ခွေးလေးတွေထက် မင်းကို ပိုချစ်တယ် " ~
" မောနင်း ကလေးလေး ~ "
ထိုလူ၏ လက်ချောင်းလေးတွေဟာ
သူ့ရဲ့မျက်နှာအစိတ်အပိုင်းလေးတွေပေါ်မှာပင် ပြေးလွှားနေခဲ့ပြီး ဇင်ယော်ငှက်ကလေးတွေ့ရဲ့ အော်သံတစ်ချို့နှင့် ရွက်ဖျင်တဲလေးထဲမှာ ကြည်နူးစရာကောင်းသည့် အခိုက်အတန့်လေးတစ်ခု ....သူ့အတွက် ထိုလူနှင့်ရှိနေရတာ
ပထမဆုံး မဟုတ်ပေမယ့် အဖြူရောင်တွေကြီး ကာရံထားသည့် ကမ္ဘာတစ်ခု၌ ခေါ်သံသဲ့သဲ့ လေးသာကြားရပြီး အပြင်က အထိအတွေ့တစ်ခုအပေါ်သို့ ခံစားနေရခြင်းကြောင့် အိပ်မက္ပင်
မက္နေသယောင်ယောင် ...
အကယ်သို့သာ အိပ်မက္ဆိုရင်လည်း ခဏလောက်ထပ်အိပ်ပြီး ထိုလူရဲ့အချစ်တွေကိုသ
ဘောကျစွာ လက်ခံရင်း အိပ်မက္ထဲမှာ ရှေ့ဆက်ခွင့်ရချင်သေးတယ် ။ရင်တထိတ်ထိတ်နှင့် လက်တွေ့ကမ္ဘာကို ကြည့်ဖို့ရာ မျက်လုံးလေးတွေအား ဖြေးဖြေးချင်း အသာ ဖွင့်ကြည့်မိသည် ။
" ဒုံ ... ဒုံဝွန်း "
" နိုးသွားပြီလား ... ဆောတီး မင်းအိပ်နေတာ ချစ်ဖို့ကောင်းလို့ "
ဒါဆို ဤအရာက အိပ်မက္လည်း မဟုတ်သလို သူ့မျက္နှာကို နူးညံ့စွာ ထိတွေ့နေခဲ့တဲ့သူကလည်း တကယ့်လက်တွေ့မှာ ဆောင်းဟွန်းမှ မဟုတ်ခဲ့ပဲ .... ။
အဲ့လောက်တောင်ပဲ ငါမင်းကိုစွဲလမ်းနေမိတာလား ...
" ဘယ်သွားမလို့လဲ "
" ဘယ်သွားရမလဲ ပြန်မလို့လုပ်ရမှာပေါ့ကွ "
" ညက မင်းကို ငါ့ဘေးမှာ မတွေ့ဘူး ...
ဘယ်တွေ ရောက်နေတာလဲ "" ဆောင်းဟွန်းနဲ့အတူ အိပ်မရလို့ အပြင်မှာ ထွက်ထိုင်နေတာလေ "
အတူထွက်ထိုင်နေရုံပဲလား ...
ငါတောင်မြတ်နိုးလွန်းလို့ မထိတွေ့ခဲ့ရတဲ့ မင်းရဲ့နှုတ်ခမ်းလေးတွေကို ငါ့မျက်စိရှေ့မှာတင် တစ်ခြားတစ်ယောက်က နမ်းသွားတာလေ ...ဂျယ်ယွန်းက ငါ့အပေါ်ဆို သိပ်ရက်စက်တာပဲ ...
" အော် ... အင်း သူ့နဲ့ဆို မင်းက အရမ်းပျော်နေတဲ့ပုံပဲနော် ငါနဲ့အတူရှိနေတာထက်တောင်လေ "
YOU ARE READING
𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗
Romanceကျွန်တော့်ရဲ့ကျောပေါ်က တက်တူးလေးက .... သေတဲ့အထိပါသွားနိုင်မယ့် တစ်ခုတည်းသောအရာလေးလေ ~ ။