Unicode
" ရူးသွပ်မှု အစ " ~
" သူ့ခြေထောက်က ဘယ်လိုဖြစ်တာလဲ"
" ကျနော်တို့ ဘတ်စကတ်ဘော ကစားကြရင်း ထိခိုက်မိတာပါ "
" ငါဘာမှမဖြစ်ဘူး ခြေထောက်ခေါက်ပြီးလေဝင်သွားတာလောက်ကို ဒီနေရာထိ လာဖို့မှ မလိုပဲ "
" ဒါဆို မင်းလိမ်နေတာပေါ့ လမ်းမလျှောက်နိုင်ဘူးဆိုတာ "
" ဘယ်သူက လိမ်နေလို့လဲ ! "
" ဘယ်လိုလုပ်ပြီး ဒီမှာလာရန်ဖြစ်နေကြတာလဲ ... မင်းတို့တကယ်ဘာမှမဖြစ်ရင် ထွက်သွားကြ "
အစတည်းက လာဖို့လိုက်ိုမလိုတာ ...။
ဒီလောက်ကတော့ ဂျယ်ယွန်း သည်းခံပြီး လျှောက်နိုင်လောက်တယ်လို့ တွေးမိပြီး ကုတင်ပေါ်က အဆင်းမှာ မှောက်ရက်လဲကျသွားတော့သည်။
ဆရာမ လှလှလေးက အမြင်မတော်လို့ သူ့ကိုလာထူပေးပေမယ့် ဟိုကောင်ကတော့ သူ့ကိုမထူပေးပဲ အဝေးကနေသာ လှမ်းကြည့်နေခဲ့တယ်။
" ဒီနေရာမှာ ဆေးအစုံသိပ်မရှိတော့ အဆင်ပြေပါ့မလားတောင်မသိဘူး ...ဒါပေမယ့် စိတ်မပူပါနဲ့ လေဝင်သွားတာလောက်က ဘာမှမစိုးရိမ်ရဘူး "
" နေ ... နေပါအုံး သေချာရော ကုတတ်ရဲ့လား ခင်ဗျားက ရိုးရိုးဆရာဝန်လေ ဒါတွေဖြစ်ရင် .. "
" ဒီဘက်လည်း ကောင်းကောင်းကျွမ်းကျင်တာမို့လို့ ငြိမ်ငြိမ်လေးနေပေးနော် မဟုတ်ရင် ဒီထက်ပိုနာအောင် လုပ်လိုက်မယ်"
ကျစ် .. ဒီမှာဆေးလာကုနေမယ့် အစား
ရန်ဖြစ်လိုက်တာမှကောင်းအုံးမယ် ။" ဟိုးဒါးး... ဟိုးဒါးး ခဏလောက်စောင့်ပေးလို့ရမလား ဂျယ်လီစားချင်လို့ "
" ဟေ့ရောင် ငါ့ကို လွယ်အိတ်ထဲက ဂျယ်လီထုပ် ယူပေး "
" ဘာ ... မင်းအခု ငါ့ကိုခိုင်းနေတာလား "
" မင်းလုပ်ထားလို့ ငါ့ခြေထောက်နာသွားတာလေ မမြင်ဘူးလား "
YOU ARE READING
𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗
Romanceကျွန်တော့်ရဲ့ကျောပေါ်က တက်တူးလေးက .... သေတဲ့အထိပါသွားနိုင်မယ့် တစ်ခုတည်းသောအရာလေးလေ ~ ။