Unicode
" ဝက်ဝံ ကီးချိန်းလေး " ~
ဆံနွယ်လေးကစလို့ ခြေဖျားလေးတွေအထိ
အူယောင်းစရာကောင်းအောင် သေးသေးလေး ဖြစ်နေတဲ့ ဒီကောင်လေးရဲ့ကျောပြင်လေးတွေပေါ်ကို သူဘယ်လိုများ တက်ရက္မှာလဲ ....အိမ်ပြန်လမ်းတစ်လျှောက်လုံး မနိုင်မနင်း ကျောပိုးသွားမယ့် ပုံစံလေးအား ဖြတ်ခနဲ မြင်ယောင်လာမိရင်း စိတ်ထဲ၌ အကြိမ်ကြိမ် ငြင်းဆန်နေခဲ့မိသည် ။
" ဂျယ်ယွန်း "
" ဟင် .. "
" ကိုယ်တို့ဒီတိုင်းပြန်ရအောင်ပါ မင်းအခုထတော့ "
" တက်ပါဆို မင်းကလည်း ... "
" မင်းကို ဆွဲပွေ့ပြီး တစ်လမ်းလုံး လမ်းလျှောက်ပြန်ရမလား ဒါမှမဟုတ် ကိုယ်ဒီတိုင်းပဲ လမ်းလျှောက်ရမလား "
ဖြေရခက်တဲ့ မေးခွန်းတစ်ခုအတွက် ထိုကောင်လေးဘက္မှ ပြန်ဖြေဖို့ရာ တုန့်ဆိုင်းနေခဲ့ခြင်းပင် ...
"ဒါဆိုလည်း လုပ်လေ ငါ့ကိုမချီနိုင်ပဲနဲ့များကွ"
ပိုးဖလံလေးတစ်ကောင်လိုပင် နုနယ်လွန်းပြီး အထိခိုက္မခံတတ်သည့် အကောင်သေးသေးလေးတွေပမာ ...
သေးသွယ်လွန်းသော ခန္ဓာကိုယ်လေးဖြင့် ကာကွယ်ပေးချင်မိသည့် လူသားလေးတစ်ဦးအား စွေ့ခနဲ ပွေ့ချီလိုက်ကာ လွန်စွာ ငေးမောနေခဲ့မိသည် ...." ဟေ့ရောင် .. မင်း တကယ် ..တကယ် ချီစရာလား "
" ကိုယ်က မင်းနဲ့ပတ်သက်တာမှန်သမျှ အရာအားလုံးကို အတည်လုပ်တတ်တယ် .."
" အခုချပေးစမ်း ...
ကိုယ့်ကိုကိုယ် ဟိုဟာ ဘာလဲ ...စူ .. စူပါမန်းကြီး ထင်နေတာလားကွ "" ဟားဟား ဂျယ်ယွန်းလေးကတော့ကွာ .. "
" လာမရီနဲ့ဟေ့ရောင် အဲ့ဒါ ငါအရမ်းကြိုက်တဲ့ ဟီးရိုးနော် "
ဘာရယ်မဟုတ်ဘူး ...
ထိုကောင်လေးကြိုက်တယ်ဆိုတဲ့ စူပါမန်းနှင့်ပါ သဝန်လိုက်တိုမိပြီး လိုက်ပြိုင်နေသည့် သူ့ရဲ့အတွင်းစိတ်က တော်တော်လေး ကြောက်စရာကောင်းလှသည် ။
ESTÁS LEYENDO
𝚂𝙸𝙼..♡︎ || 𝙹𝚊𝚔𝚎𝚑𝚘𝚘𝚗
Romanceကျွန်တော့်ရဲ့ကျောပေါ်က တက်တူးလေးက .... သေတဲ့အထိပါသွားနိုင်မယ့် တစ်ခုတည်းသောအရာလေးလေ ~ ။