Unicode
အပြင်တစ်ရက်သွားလိုက်ရတာ ဝတ္ထုအတွက် ဇာတ်ကွက်အသစ်တွေရလာသည်။
နဂိုကချထားတဲ့ plot ကိုပြန်ပြောင်းပြီး dialogue အသစ်တွေရေးရင်းနဲ့ တစ်ရက်ပြီးတစ်ရက်ကုန်သွားပြန်သည်။
တစ်ပတ်အတွင်း artist စာရင်းပို့ပြီး ပြန်အစည်းအဝေးခေါ်မယ်ဆိုတဲ့ ထုတ်လုပ်သူတွေလည်း စျာန်နဲ့များကြွသွားကြပြီလားမသိ။
၁ ပတ်ပြည့်သွားတာတောင်အခုထိစာမလာသတင်းမကြား။ ၂ ပတ်ကြာ တစ်ရက်မှ မပြတ်ရေးလာတဲ့ အပိုင်း ၁၁ ကိုဒီနေ့လက်စသတ်လိုက်နိုင်ခဲ့ပြီ။ ခုံပေါ်ကနေထပြီး ခါးကိုကုန်းလိုက် ပြန်ဆန့်လိုက်၊ ခြေထောက်ကိုကားလိုက် ပြန်စိလိုက်နဲ့ လေ့ကျင့်ခန်းနည်းနည်းလုပ်လိုက်သည်။
၁၄ ရက်လုံးလုံး ဒီခုံမှာပဲတောက်လျှောက်ထိုင်နေခဲ့ပြီး စားပွဲဘေးက freezer အသေးထဲက အလွယ်တကူ ယူစားလိုက် အမှိုက်ပစ်လိုက်လုပ်နေခဲ့တာနဲ့ လမ်းလျှောက်ဖို့တောင်သတိမရ။
သတိထားမိကာမှ ခါးတွေညောင်းနေမှန်းသိတော့သည်။ ကုတင်ပေါ်ဝုန်းကနဲပစ်လှဲပြီး tablet ထဲကနေ ဟိုရှာဒီရှာ ရှာရင်း အညောင်းအညာဖြေလိုက်သည်။
လက်ကနေဝင်လိုက်မိတာက webtoon ထဲ... အခုဘယ်လို Art Style မျိုးကခေတ်စားနေပြီး ဘယ် webtoonist တွေ mangaka တွေကနာမည်ကြီးနေလဲဆိုတာသိထားမှဖြစ်မည်မဟုတ်လား? သူ့ရဲ့ပရိသတ်တွေထဲမှာ ကိုရီးယားလူမျိုးတွေပါရှိနေတာကိုသိတော့ ကိုရီးယားကာတွန်းဆရာတွေကိုပါရှာကြည့်မိသည်။ ကိုရီးယားစကားကိုပါ လယ်လယ်ဝယ်ဝယ်ပြောတတ်တဲ့သူမို့ စာအုပ်ထုတ်တိုင်း အမြဲဘာသာစကားနှစ်မျိုးနဲ့ထုတ်တတ်သည်။
Physical book ကိုအရင်ဆုံး ဂျပန်လိုထုတ်ပြီး ကိုရီးယားလိုကို E-Book ထုတ်ပေးသည်။ နောက်ပိုင်း ကိုရီးယားပရိသတ်တွေ တောင်းဆိုမှုများလာမှ Korean Version ကို စာအုပ်ထုတ်ပေးလိုက်သည်။ ဒါကသူ့ရဲ့ နည်းလမ်း။
အခုတော့ ပုံပါထည့်ဦးမယ်ဆိုတော့ ကိုရီးယားလိုပါ တစ်ခါတည်းပြန်ပေးနိုင်မယ်မထင်တော့။ ဂျပန်လိုထုတ်ပြီး နည်းနည်းကြာမှ ကိုရီးယားလိုထုတ်ပေးနိုင်မည်ဆိုတာကိုလည်း အရင်အသိပေးထားရဦးမည်။
![](https://img.wattpad.com/cover/283320414-288-k235766.jpg)
YOU ARE READING
Heart Sketch (Yoshi x Doyoung)
Fiksi PenggemarAn Author and An Artist meets 💕 then, a story starts