9

371 76 8
                                    


unicode


အကြောင်းပြချက်အမျိုးမျိုးပေးပြီး ၂ ရက်လောက် မအားလို့ အိမ်ကိုမလာနဲ့ဦးလို့ ဒိုယောင်းကိုပြောထားလိုက်သည်။ ၂ ရက်အတွင်းမှာ အခန်း ၁ ကို ကိုရီးယားလိုအပြီးဘာသာပြန်ပြီး ဇာတ်လမ်းအကျဉ်းချုံ့ကိုအသံဖိုင်ပို့ပေးလိုက်သည်။

Yoshi

- Sam ဒါကိုနားထောင်ပြီး ပုံဆွဲဖို့ပြင်လို့ရတယ်။ အကျဉ်းချုံ့ပြောပေးထားတော့ နားလည်မှာပါ။ ဒီတစ်ပတ်တော့ ဒါပဲပြင်ထားပြီး မလာနဲ့ဦးနော်။ အစ်ကိုအလုပ်တွေရှုပ်နေလို့-

Doyoung

- ha....iiiiiiiiii 😟-

Emoji အရတော့ သူမလာရတော့လို့ အားပျော့သွားပါတယ်ပေါ့လေ။

'မင်းလုံးဝစိတ်ပျော့လို့မဖြစ်ဘူး ယိုရှိနိုရိ...စာအုပ်ကိုပြီးအောင်ရေးစမ်း'

ဒီလိုမှမလုပ်ရင် အာရုံစိုက်ဖို့ခက်ခဲမယ်ဆိုတာ သူကိုယ်တိုင်လည်းသိတာမို့လို့ ဒိုယောင်းကိုတစ်ပတ်လောက် အိမ်မလာဖို့ကြံဖန်လိုက်ရသည်။

ဒါပေမယ့်လည်း....

'အား....ရေးလို့မရဘူးကွာ' ရေးလက်စအပိုင်း ၂၆ ကို အကုန် ပြန်ဖျက်လိုက်သည်။ shift A နှိပ်ပြီး delete နှိပ်လိုက်တော့ မနက်ကအခြေအနေကိုပြန်ရောက်သွားသည်။ အကုန် ဗလာ။

ကာဆာလေးကပဲ လှုပ်စိလှုပ်စိနဲ့ ကျန်နေခဲ့သည်။ ဒီနေ့နဲ့ဆို ဒိုယောင်းနဲ့မတွေ့တာ ၃ ရက်မြောက်။ အချိန်ကိုကြည့်တော့လည်း နေ့ခင်း ၂ နာရီ။

'ထမင်းစားဦးမှပါ'

ဒိုယောင်းနဲ့လူချင်းတွေ့ပြီးကတည်းက ညီမဖြစ်သူက နေ့တိုင်းလိုလို အိမ်ရှေ့မှာ ဒီအချိန်လောက်ဆို မုန့်ထုတ်တွေချထားခဲ့သည်။ အခုမှတကယ့်ကိုနတ်သမီးလေးလုပ်နေတော့တာ။

မလုပ်ဖူးတာတွေလုပ်နေတော့လည်း ကြောက်ရသေးသည်။ ဘာများတောင်းဆိုမလို့ပါလိမ့်။ မုန့်သာပေးပေမယ့် မောင်နှမချင်းက ဖုန်းလည်းမဆက်။ စာလည်းမပို့။ နှစ်ယောက်လုံးက ကိုယ့်အလုပ်နဲ့ကိုယ်မအားတာမို့ အလာပ သလာပ ပြောစရာအချိန်မရှိ။

Heart Sketch (Yoshi x Doyoung)Where stories live. Discover now