4

435 85 8
                                    


unicode

တစ်ခါတလေ မြားနတ်မောင်ကတကယ်ရောရှိရဲ့လားလို့ စဉ်းစားမိတယ်။

ကျွန်တော့်မှာ ၇ နှစ်ကြာအချစ်တစ်ခုရှိတယ်။ ရှိတယ်ဆိုတာ ပိုင်ဆိုင်ထားတာတော့မဟုတ်ပါဘူး။ တစ်ဖက်သတ်အချစ် ၇ နှစ်ပါ။

၁၆ နှစ်အရွယ်မှာ နုနုနယ်နယ် နှလုံးသားလေးကို လှုပ်ခါသွားအောင်လုပ်ခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်ကိုပြန်တွေ့ရဖို့ ကျွန်တော်အမျိုးမျိုးကြိုးစားခဲ့တယ်။

ကြိုးစားတယ်ဆိုပေမယ့်လည်း အချိန်တိုင်းတော့ဘယ်ကြိုးစားနိုင်ပါ့မလဲဗျာ။ ကျွန်တော်လည်း တစ်နေ့သူနဲ့ပြန်တွေ့ရင် အဆင့်မြင့်မြင့်တွေ့နိုင်အောင်လို့ ကြိုးစားရတာပေါ့။

အလုပ်တွေလုပ်တယ်။ ပိုက်ဆံရှာတယ်။ ခရီးတွေထွက်တယ်။ အိမ်တွေဝယ်တယ်။ သူ့ကိုရှာတယ်။

အစ်ကိုကြီးကကျွန်တော့်ကိုသူ့ဖုန်းနံပါတ်ပေးခဲ့တယ်။ ကျွန်တော့်မှာအဲ့တုန်းကဖုန်းမရှိဘူးလေ။ ဖုန်းနံပါတ်ကိုပျောက်မသွားအောင်သိမ်းထားရတယ်။ အိမ်ကဖုန်းနဲ့ဆက်မယ်ဆိုတော့ နိုင်ငံခြားဖုန်းမို့လို့ ဈေးကြီးတယ်တဲ့။ အဲ့တာနဲ့မဆက်ရဘူး။

အင်တာနက်ဆိုင်တွေသွားပြီး သုံးတော့လည်း ကျွန်တော် သူ့ဖုန်းနံပါတ်ပဲသိပြီး ကျန်တာဘာမှမသိတော့ လုပ်မရပြန်ဘူး။

ကိုဘဲ့အစ်ကိုကြီးပြန်သွားပြီးနောက်ပိုင်း ကျွန်တော် ၁ လလောက် လွမ်းနေခဲ့ရတာ မအိပ်နိုင် မစားနိုင်ပဲ။ ကျွန်တော့်ရဲ့ ဝဝတုတ်တုတ်ပုံလေးတောင် လုံးဝပြောင်းလဲသွားတယ်။

အဲ့တာနဲ့မထူးဘူးဆိုပြီး ညနေတိုင်းအပြေးလေ့ကျင့်ပြီး လေ့ကျင့်ခန်းတွေလုပ်လိုက်တာ တော်တော်မိုက်လာတယ်ဗျ။ ကျောင်းက ကောင်မလေးတွေတောင် ကျွန်တော့်ကိုစာတွေဘာတွေပေးလို့။

ဒါပေမယ့် ကျွန်တော်က ကိုဘဲ့အစ်ကိုကြီးကိုပဲလိုက်ရှာမှာ။

ကျွန်တော်သူ့နာမည်အရင်းကိုမသိဘူးသိလား။ ဘာလို့လဲဆိုတော့ မပြန်ခင် တစ်နေ့အထိက ကျောင်းထဲကနေရာတွေ ပွဲအခမ်းအနားတွေလိုက်ပို့ရင်းနဲ့အဆင်တွေပြေနေတာလေ။ သူတို့အချင်းချင်းစကားတွေပြောနေလဲ ကျွန်တော်က သူတို့ကိုနာမည်တွေခေါ်နေတာလား စကားတွေပြောနေတာလားဆိုတာ နားမလည်ဘူး။

Heart Sketch (Yoshi x Doyoung)Where stories live. Discover now