unicode
'ခေါင်းထဲမှာပဲကျန်နေခဲ့တဲ့သူ့အမှတ်တရများ' အပိုင်း ( ၂ )
-ဒိတ်..ဒိတ်..ဒိတ်..ဒိတ်-
'ဒါရင်ခုန်တာလား?'
'ကောင်မလေးတောင်မဟုတ်ဘဲ ကောင်လေးတစ်ယောက်ကိုလေ'
'ပြီးတော့ စီနီယာအစ်ကိုကြီး'
'ဟေ့ကောင် ဆရာခေါ်နေတယ် ထူးလေကွ' ဘေးကတစ်ယောက်က ပုခုံးကိုလာတိုက်ပြီးသတိပေးတယ်။
'ဟုတ် ဆရာ'
'ဒီ စီနီယာ ၂ ယောက်ကိုမင်းတာဝန်ယူရမယ်..စိတ်မပူနဲ့ ဒီအစ်ကိုက ကိုရီးယားလိုပြောတတ်တယ်တဲ့'
ဒီအစ်ကိုဆိုတဲ့သူကကျွန်တော့်ကို လက်ပြပြီး ပြုံးပြတယ်။
တိုက်ဆိုင်လိုက်တာဗျာ...ကျွန်တော့်ကိုရင်ခုန်အောင်လုပ်လိုက်တဲ့ အစ်ကိုကြီးပဲ။
သူနဲ့တစ်ဖွဲ့တည်းကျတယ်လည်းဆိုရော ကျွန်တော်ပျော်သွားလိုက်တာ။
'Annyeong ... အစ်ကို့ကို ကိုဘဲ့...ဒီအစ်ကို့ကို အိုဆာကာ လို့ခေါ်နော်..နာမည်အရင်းတွေဆိုမှတ်ရခက်မှာစိုးလို့'
'ဟိုက်'
သူ့နာမည်က ကိုဘဲ့ တဲ့လား? ချစ်စရာလေး....
*မှတ်ချက် - ကျွန်တော်အဲ့တုန်းက ကိုဘဲ့ဆိုတာ မြို့နာမည်မှန်းမသိခဲ့ဘူးဗျာ..သည်းခံလိုက်ပါဦး*
ကျွန်တော်က ကိုရီးယားလိုပြောတယ်...သူက သူ့သူငယ်ချင်း အိုဆာကာ ကို ဂျပန်လိုပြန်ပြောပြတယ်။
'ဒီမှာက ဘော်လီဘော နဲ့ ကြက်တောင် လေ့ကျင့်ကြတယ်..အချိန်တော့ခွဲထားတာပေါ့..ဟိုဘက်မှာ ၂ ခုရှိသေးတော့ နေရာလုရတာဘာညာတော့မရှိဘူး'
ကိုကြီးက ကျွန်တော်စကားပြောတိုင်း သူကပြုံးပြုံးပြုံးပြုံးနဲ့ဗျာ..အရမ်းချောတာပဲ..
အရပ်ကလည်းအရှည်ကြီးပဲ..ကျွန်တော်လည်းရှည်ပေမယ့် ... တွေ့တယ်မလား..
ကျွန်တော်ကသူ့ထက် ၄ လက်မလောက်ပိုပုနေတာကို။
'ဘတ်စကတ်ဘောဆော့နေကြတာတောင် ကြည့်လို့ရသေးတယ်..ဟိုမှာအငယ်လေးတွေဆော့နေကြတယ်'
YOU ARE READING
Heart Sketch (Yoshi x Doyoung)
FanficAn Author and An Artist meets 💕 then, a story starts