14 (The End)

872 89 33
                                    

Unicode

"ဒီမှာ ဒီမှာ ဒီနေရာလေ...အားပါးပါး... အဲ့တာဆွဲတုန်းကဆို မျက်ရည်တွေပါ ပေါက်ပေါက်ပေါက်ပေါက် ကျတယ်"

"ဘာလို့လဲ အစ်ကို့ကိုလွမ်းသွားလို့လား"

"ဘယ်ကသာ အရောင်ခြယ်ရတာအရမ်းအသေးစိတ်လို့’

အစအဆုံးဖတ်ပြီးသွားတဲ့ webtoon ကိုနှစ်ယောက်အတူတူပြန်ဖတ်နေရတာက ဒိုယောင်းရဲ့အကြံပါပဲ။
သူဘယ်နားကိုဘယ်လိုတွေးပြီး ဘယ်လိုဆွဲခဲ့ရတယ်ဆိုတာပြောပြချင်လို့ဆိုပြီး ယိုရှိဘေးနားအတင်းကပ်ပြီး ပြောပြနေတော့တာ။

ယိုရှိကရော?

‘မင်းကိုပိုသဘောကျပေးပါ့မယ်’ လို့ကတိပေးပြီးကတည်းက သူကိုယ်တိုင် လိုလိုလားလားနဲ့ ဒိုယောင်းကိုအလိုလိုက်ပေးနေခဲ့တာ ၁ လတောင်ကျော်ခဲ့ပြီပေါ့။

‌ရေးလက်စဝတ္ထုကလည်းပြီးဖို့ ၄ ခန်းပဲကျန်တော့သည်။ ဒါပေမယ့် ကုန်ကြမ်းကရှိပြီးသားမို့ စိတ်မပူ။ ဇာတ်လမ်းဇာတ်ကွက်ကနဂိုကတည်းကချပြီးသားဆိုပေမယ့် စကားပြောတွေက အသစ်တွေပြန်ရေးနေရသည်။

ဒိုယောင်းနဲ့အဆင်ပြေသွားပြီးကတည်းက သူ့ဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့ dialogue က ပိုပြီးပီပြင်လာသည်။ ဘာပြောရင်ကေင်းမလဲလို့ စဉ်းစားနေစရာမလိုတော့ဘဲ ဆက်တိုက်ကိုထွက်လာသည်။

တစ်ဖက်ကကြည့်ရင် ဒိုယောင်းအပေါ်ကိုသူကပြန်မှီခိုနေရသလိုဖြစ်နေပြန်သည်။

‘ဆိုတော့ မင်းအခု ထပ်ဆွဲနေပြီလား’

‘ဟင် ဘာကိုလဲ အစ်ကို’

‘ဒီကာတွန်းကိုလေ’

‘ဪ...အစ်ကို့ခွင့်ပြုချက်ရမှတင်မလို့…’

‘မင်းရဲ့ကာတွန်းပဲကို..ဘာလို့အစ်ကို့ခွင့်ပြုချက်တောင်းမှာလဲ’

‘ပထမတွဲတုန်းကတော့ အစ်ကို့ကိုလိုက်ရှာနေတုန်းဆိုတော့ ခွင့်ပြုချက်တောင်းစရာလူမရှိဘူးလေ..အခုတော့တောင်းလို့ရပြီ..အစ်ကိုခွင့်ပြုမှာလား’

‘ခွင့်ပြုကြေးဘယ်လောက်ရမှာလဲ’

‘ဟင်..ကိုယ့်ကောင်လေးပဲကို..အလကားခွင့်ပြုပေးလို့မရဘူးလား’

Heart Sketch (Yoshi x Doyoung)Where stories live. Discover now